DVB Logo
Home
မြန်မာသတင်း
မြောက်ကိုရီးယားခေါင်းဆောင် သူ့ဦးလေးကို ရာထူးကဖယ်ရှား
DVB
·
December 4, 2013
မြောက်ကိုရီးယားခေါင်းဆောင် သူ့ဦးလေးကို ရာထူးကဖယ်ရှား
Donate to DVB

[caption id="attachment_47618" align="alignleft" width="300"]1386067795584.jpg-620x349 အမျိုးသားကာကွယ်ရေး ကော်မရှင်ဒုဥက္ကဋ္ဌ ဂျန်ဆောင်တိတ်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း (ဓာတ်ပုံ - ရိုက်တာ)[/caption]

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စစ်ကော်မရှင်ထဲက အရှိန်အ၀ါကြီးတဲ့ သူ့ဦးလေးကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာတာနဲ့ အတူ ကွန်မြူနစ် နိုင်ငံထဲမှာ အာဏာလွန်ဆွဲပွဲတွေ ပေါ်ပေါက်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေး ကော်မရှင်ဒုဥက္ကဋ္ဌ ဂျန်ဆောင်တိတ် (Jang Song Thaek) ဟာ ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီရဲ့ ယောက်ဖ ဖြစ်တာကြောင့် ကင်ဂျုံအန်းရဲ့ ဦးလေးတော်စပ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ ကင်ဂျုံအီ ကွယ်လွန်သွားတဲ့အခါမှာ ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိသေးတဲ့ ကင်ဂျုံအန်းကို ရာထူးဆက်ခံနိုင်ဖို့ စီစဉ်ခဲ့သူအဖြစ်လည်း သတ်မှတ်ကြပါတယ်။

“တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့က အစီရင်ခံတဲ့အတိုင်းဆိုရင် ဂျန်ဆောင်တိတ်ကို ရာထူးကနေ ဖယ်ရှားလိုက်ပြီ” လို့ တောင်ကိုရီးယား အဆင့်မြင့်အရာရှိလည်း ဖြစ်တဲ့ လွှတ်တော်အမတ် ဂျုံချွန်ရေးက ဆိုးလ်လွှတ်တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“ဂျန်ဆောင်တိတ်ရဲ့ လက်ထောက် ၂ ယောက်ကို အဂတိလိုက်စားမှုနဲ့ ကွပ်မျက်လိုက်ပြီးတဲ့နောက်မှာ ဂျန်ဆောင်တိတ်လည်း လူမြင်ကွင်းကနေ ပျောက်နေတယ်”လို့ ဂျုံချွန်ရေးက ဆက်ပြောပါတယ်။

“မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူတယောက်ရဲ့ ခန့်မှန်းချက်အရ ဆိုရင် မြောက်ကိုရီးယားစစ်တပ်မှာ နိုင်ငံရေးဌာန အကြီးအကဲ ချိုရိုင်ဟေးနဲ့ အာဏာလွန်ဆွဲပွဲမှာ ရှုံးနိမ့်သွားပုံရတယ်” လို့လည်း ဂျုံချွန်ရေးက ပြောပါတယ်။

အင်အား ၁ သန်း ၂ သောင်းတဲ့ မြောက်ကိုရီးယားစစ်တပ်ရဲ့ နိုင်ငံရေးဌာနကို ကိုင်ထားတဲ့ ချိုရိုင်ဟေးနဲ့ ကင်ဂျုံအန်းတို့ကို လူမြင်ကွင်းမှာ တွေ့ရတာ များပါတယ်။

မြောက်ကိုရီးယားပိုင် ကေစီအန်အေသတင်းဌာနကတော့ ဂျန်ဆောင်တိတ်ရဲ့ သတင်းကို မထုတ်လွှင့်သေးပါဘူး။

စီးပွားရေးပြုပြင်ပြောင်းပြောင်းရေးကို လိုလားသူအဖြစ်လည်း သတ်မှတ်ခံရတဲ့ ဂျန်ဆောင်တိတ်ဟာ ကင်ဂျုံအီလက်ထက် ၂၀၀၄ ခုနှစ်မှာလည်း အာဏာလွန်ဆွဲပွဲအတွင်းမှာ ရှုံးနိမ့်ပြီး ရာထူးကနေ ၂ နှစ်ကြာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။

မြောက်ကိုရီးယားအရေးကို ကျွမ်းကျင်သူတွေကတော့ ဂျန်ဆောင်တိတ်ကို ရာထူးကနေ ဖယ်ရှားဖို့ဆိုရင် ကင်ဂျုံအန်းရဲ့ အတည်ပြုချက်မလိုဘဲနဲ့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။

ဦးလေးတော်သူကို ရာထူးကနေ ဖယ်ရှားလိုက်တာကို ကြည့်ရင် ကင်ဂျုံအန်းဟာ သူ့အာဏာကို တည်ဆောက်တဲ့နေရာမှာ ပြတ်ပြတ်သားသား ဆောင်ရွက်တဲ့ လက္ခဏာအဖြစ် မြောက်ကိုရီးယားအရေး  ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013