DVB Logo
Home
Lead Story
ရှမ်းပြည်မြောက်ပိုင်းတွင် ၁ လအတွင်း မူးယစ်ဆေး အမြောက်အမြား ဖမ်းမိ
DVB
·
December 4, 2013
ရှမ်းပြည်မြောက်ပိုင်းတွင် ၁ လအတွင်း မူးယစ်ဆေး အမြောက်အမြား ဖမ်းမိ
Donate to DVB

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့တို့ ပူးပေါင်းကာ နိုဝင်ဘာ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေအတွင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးများ ရှာဖွေဖော်ထုတ် ဖမ်းဆီး အရေးယူခဲ့ပါတယ်။

942921_557761274262377_677694328_nဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေက ဘိန်းဖြူ ၃၆ ဒဿမ ၂၉ ကီလို၊ ဘိန်းဆီခဲ ၀၀ ဒဿမ ၀၁၈ ကီလို၊ ဘိန်း ၂၄၄ ဒဿမ ၄၀၄ ကီလို၊ စိတ်ကြွဆေးပြား ၂ ဒဿမ ၀၄၂ သန်း၊ အိုက်စ် ၀ ဒဿမ ၀၀၉ ကီလို စတာတွေ အပါအ၀င် ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

မူးယစ်ဆေးတွေနဲ့ ဆက်စပ်ပစ္စည်းတွေအပြင် ဆိုင်ကယ် အစီး ၆၀ ၊ မော်တော်ယာဉ် ၁၅ စီးနဲ့ ကျပ်ငွေ ၁၈ ဒဿမ ၉၂၅၃ သန်းကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၁၈၀ မှု ဖွင့်ခဲ့ပြီး တရားခံ ၂၄၀ ကို ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013