DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကပစ်ခတ်သဖြင့်သေဆုံးသွားသည့် ဆိပ်ခွန်ရွာသား လူငယ် ၄ ဦးကို မီးသင်္ဂြိုဟ်
DVB
·
July 18, 2021
စစ်တပ်ကပစ်ခတ်သဖြင့်သေဆုံးသွားသည့် ဆိပ်ခွန်ရွာသား လူငယ် ၄ ဦးကို မီးသင်္ဂြိုဟ်
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာမှာ  စစ်တပ်က ပစ်ခတ်ခဲ့လို့ သေဆုံးသွားတဲ့ ရွာသား လူငယ်  ၄  ယောက်ရဲ့ ရုပ်အလောင်းတွေကို   ဇူလိုင် ၁၈ ရက် ညနေ ၃ နာရီလောက်က ကျေးရွာသုသာမှာ မီးသင်္ဂြိုဟ်လိုက်တယ်လို့  ဒေသခံတွေကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဇူလိုင် ၁၇ ရက် ည ၁၂ နာရီလောက်က  ကျေးရွာအတွင်းဝင်လာပြီး ရပ်ရွာလုံခြုံရေးဆောင်ရွက်နေတဲ့လူငယ်တွေကို အကြောင်းမဲ့ပစ်ခတ်ခဲ့တဲ့အတွက် လူငယ် ၄ ဦးသေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ လူငယ်တွေရဲ့ ရုပ်အလောင်းတွေကို စုပုံထားခဲ့ပြီး မနက် ၈ နာရီလောက်မှ  လူမှုကူညီရေးကားနဲ့ ရွှေဘိုဆေးရုံကြီးကို သယ်သွားကြပြီး ရင်ခွဲပြီးမှ အလောင်းတွေကို ရွာ ပြန်ပို့ခဲ့တာလို့ သိရပါတယ်။

“လေးယောက်လုံးကို ရင်ခွဲတယ်၊ နှစ်ယောက်ကိုတော့ ချုပ်ပေးလိုက်တယ်။ နှစ်ယောက်က ချုပ်မပေးပဲ ပြန်ပို့တယ်။ နီးစပ်သူတစ်ယောက်ကပြောတာတော့ ဦးခေါင်းတွေကို ပီပီသသမရှိဘူး။ အနီးကပ် သေနတ်နဲ့တေ့ ပစ်ထားပြီး တရွတ်တိုက် ဆွဲခေါ်သွားတာလို့။  ပွန်းပဲ့ဒဏ်ရာတွေလည်း အများကြီးပဲတွေ့ရတယ်”လို့ ဒေသခံရွာသား တစ်ဦးကပြောပါတယ်။

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေကတော့ အသက် ၃၄ နှစ်ခန့်ရှိ ကိုသက်စိုး၊ အသက် ၂၅ နှစ်အရွယ် ကိုဌေးလှိုင်ဝင်း၊ အသက် ၂၀ အရွယ် ကိုအောင်ပိုင်ထွေးနဲ့ အသက် ၂၂ နှစ်အရွယ် ကိုအောင်ဟိန်းကျော်တို့ ဖြစ်ကြပါတယ်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရွှေဘိုမြို့နယ်၊ ပလိုင်းရွာနဲ့ တက်တူရွာကြားမှာလည်း  ဒေသခံ PDF နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဇူလိုင် ၁၈ ရက် ဒီနေ့ ညနေ ၃ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ မနက်ပိုင်းက တက်တူရွာနဲ့ ပလိုင်းရွာကို စစ်တပ်က ခြေလျင် တောနင်းရှာဖွေတာတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံ PDF တွေက ခုခံ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ၁၅ ချက်ထက်မနည်း ပစ်ခတ်ခဲ့ပြီး လတ်တလော မြေပြင်သတင်းအရ တိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ယောက်သေပြီး PDF ဘက်ကတော့ ထိခိုက်မှု အနည်းအကျဉ်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013