DVB Logo
Home
မြန်မာသတင်း
ထိုင်းဆန္ဒပြပွဲတွင် မြန်မာနိုင်ငံသားများ မပါကြရန် မြန်မာသံရုံး သတိပေး
DVB
·
December 3, 2013
ထိုင်းဆန္ဒပြပွဲတွင် မြန်မာနိုင်ငံသားများ မပါကြရန် မြန်မာသံရုံး သတိပေး
Donate to DVB

ထိုင်းဆန္ဒပြပွဲတွေမှာ မပါဝင်ကြဖို့ ဘန်ကောက်မှာရှိတဲ့ အလုပ်သမားတွေနဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးက ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ မြန်မာသံရုံး အလုပ်သမားရေး သံအရာရှိ ဦးကျော်ကျော်လွင်က “ထိုင်းနိုင်ငံနဲ့က ဆက်ဆံရေးလည်း ကောင်းမွန်နေတယ်။ ကိုယ့်နိုင်ငံသားတွေ သူများပြည်တွင်းရေးမှာ မပါမိဖို့၊ ပိုပြီး သွားတဲ့လာတဲ့အခါမှာ ဂရုစိုက်ကြဖို့၊ ပြည်ပမီဒီယာ သတင်းဌာနတွေက ထုတ်ပြန်တာတွေကို နားထောင်ပြီး ရှောင်ရှားကြဖို့၊ လူစုလူဝေးဖြစ်တဲ့နေရာတွေကို ရှောင်ရှားပြီး ခရီးသွားလာကြဖို့ မြန်မာအလုပ်သမားတွေရော၊ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုရော သံရုံးက ကြေညာချက်ထုတ် သတိပေးတာပါ” လို့ ပြောပါတယ်။

[caption id="attachment_47574" align="alignleft" width="300"]Photo by Reuters Photo by Reuters[/caption]

၂၀၁၀ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဘန်ကောက် ဆန္ဒပြပွဲတွေမှာ မြန်မာအလုပ်သမားအချို့ကို  မှားယွင်းဖမ်းဆီးခဲ့ဖူးတာကြောင့် မြန်မာအလုပ်သမားတွေအနေနဲ့ ဆန္ဒပြပွဲတွေမှာ ရောထွေးမပါဝင်အောင် သတိထားသင့်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလုပ်ငန်းကော်မတီရဲ့ တ၀န်ရှိသူတဦးဖြစ်တဲ့ ဦးမြင့်ဝေက “ကိုယ်က ရောပါသွားလို့ အရေးယူခံရတဲ့အခါမှ သူတို့က သူ့တိုင်းပြည်ဥပဒေနဲ့ ကာကွယ်လို့ ရပေမယ့် ကျနော်တို့  မြန်မာနိုင်ငံသားတွေက နိုင်ငံခြားက လာခဲ့ပြီး အလုပ် လုပ်တော့ ခွင့်ပြုချက် ဥပေဒတို့ ဘာတို့မရှိဘူး။ အဲဒီမှာ ဖြေရှင်းရခက်တယ်။ အဲဒီတော့ အဲကိစ္စမျိုးတွေမှာ ၀င်မပါဖို့ လိုတယ်” လို့ ပြောပါတယ်။

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ  ထိုင်းဝန်ကြီးချုပ် ယင်းလတ် နုတ်ထွက်ပေးဖို့နဲ့ ကြားဖြတ်အုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းရေး၊ ပြီးတော့ လွှတ်တော်ဖျက်သိမ်းရေး တောင်းဆိုနေတာပါ။

ဒီဆန္ဒပြပွဲတွေအတွင်း ဒီဇင်ဘာ ၃ ရက်အထိ  သေဆုံးသူ အနည်းဆုံး ၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်သွားပြီဖြစ်ပါတယ်။  ထိုင်းအစိုးရကလည်း ဘန်ကောက်မြို့ခံတွေကို လုံခြုံမှုအတွက် ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းမှာတာ့ ဘန်ကောက်မြို့က ၀န်ကြီးချုပ်ရုံးနဲ့ ရဲရုံးချုပ်ကို အတိုက်အခံဆန္ဒပြသူတွေက ၀င်ရောက်သိမ်းယူထားပါတယ်။

ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေ ပြင်းထန်လာတဲ့အတွက် အဓိက ကုန်တိုက်ကြီးတွေ ပိတ်လိုက်ပြီး ဈေးတွေမှာလည်း အရောင်းအ၀ယ် ကျဆင်းသွားပါတယ်။ ဒါ့ကြောင့် ဘန်ကောက်မှာ ရှိတဲ့ မြန်မာအလုပ်သမားအချို့  အလုပ်လက်မဲ့ ဖြစ်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013