DVB Logo
Home
မြန်မာသတင်း
နေအိမ်တွင် သေဆုံးသည့်အလောင်းများ မသယ်ယူတော့ဟု မနောဖြူအဖွဲ့ ကြေညာ
DVB
·
July 17, 2021
နေအိမ်တွင် သေဆုံးသည့်အလောင်းများ မသယ်ယူတော့ဟု မနောဖြူအဖွဲ့ ကြေညာ
1 / 5
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ  ဇူလိုင် ၁၇ ရက်က စတင်ကာ နေအိမ်မှာ  သေဆုံးတဲ့ ရုပ်အလောင်းတွေကို အရင်လို သယ်ယူ သင်္ဂြိုဟ်ပေးတော့မှာ မဟုတ်ကြောင်း မနောဖြူလူမှု ကူညီရေးအဖွဲ့က ကြေညာပါတယ်။

မနောဖြူလူမှုကူညီရေးအဖွဲ့ဟာ လူနာတွေကို အခမဲ့ပို့ဆောင်ကူညီတာအပါအဝင် သရောင်းချောင်း မီးသင်္ဂြိုဟ်စက်ကို တာဝန်ယူပြီး နာရေးတွေ၊  မီးသင်္ဂြိုဟ်တာတွေ ဆောင်ရွက်ကူညီ ပေးနေတာပါ။

ပုသိမ်မြို့မှာ ကိုဗစ်တတိယလှိုင်းအတွင်း ဇူလိုင် ၁ ရက်မှ ၁၆ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄၃ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း ခုလိုစာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ခုလိုစာထုတ်တာနဲ့ပတ်သက်ပြီး မနောဖြူလူမှုကူညီရေးအသင်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ပုသိမ်မြို့ဒေသခံတစ်ဦးကတော့ '' ကူညီပေးနေတဲ့ ပရဟိတအသင်းအဖွဲ့တွေမှာ ပိုးကူး စက်တာ ရှိလာလို့ နားတဲ့သူတွေရှိတယ်။ မနောဖြူအဖွဲ့မှာလည်း ကူးထားတယ်ကြားတယ်။ ခုလို လုပ်လိုက်ရတာ သူတို့ လူမနိုင်တော့လို့ ထင်တယ်''လို့ ပြောပါတယ်။

နေအိမ်မှာသေဆုံးတဲ့သူတွေကို နာရေးကားနဲ့  သယ်မပေးတော့ပေမဲ့ လူနာသယ်ကတ် ထောက်ပံ့ပေးမှာဖြစ်ပြီး ကားနဲ့မသယ် ပေးနိုင်တော့တဲ့အပေါ် နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံ ခဲ့ပါတယ်။

ပုသိမ်မြို့ခံပရဟိတအသင်းတချို့ကတော့ သေဆုံးလူနာတွေကို သယ်ဆောင်ပေးဖို့ အကူအညီ တောင်းခံတာတွေနဲ့ အွန်လိုင်းပေါ်ကနေတဆင့် အကူညီတောင်းခံတာတွေ ရှိနေ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013