DVB Logo
Home
မြန်မာသတင်း
မအူပင် ကံကုန်းကျေးရွာအုပ်စု လယ်သမားများ ဆန္ဒပြ
DVB
·
December 3, 2013
မအူပင် ကံကုန်းကျေးရွာအုပ်စု လယ်သမားများ ဆန္ဒပြ
Donate to DVB

ဧရာဝတီတိုင်း မအူပင်မြို့နယ် ကံကုန်းကျေးရွာအုပ်စုက တောင်သူလယ်မားတွေဟာ  လယ်ယာမြေတွေ သိမ်းဆည်းခံရမှုနဲ့ တရားစွဲဆိုခံထားရတဲ့ကိစ္စတွေ ဖြေရှင်းပေးရေးအတွက် ဒီနေ့ ဆန္ဒပြနေကြပါတယ်။

[caption id="attachment_47548" align="alignleft" width="300"]ဖေဖော်ဝါရီလက မအူပင် လယ်သမားတွေနဲ့ ရဲများ ထိပ်တိုက်တွေ့စဉ် ဖေဖော်ဝါရီလက မအူပင် လယ်သမားတွေနဲ့ ရဲများ ထိပ်တိုက်တွေ့စဉ်[/caption]

မအူပင်မြို့နယ် ရဲစခန်းရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ဒီန့ နံနက်ပိုင်းက ဆန္ဒပြခဲ့ကြတာဖြစ်ပြီး သိမ်းဆည်း လယ်ယာမြေကိစ္စတွေ အမြန်ဆုံးဖြေရှင်းပေးရေး၊ လယ်သမားတွေကို တရားစွဲထားမှု ရုပ်သိမ်းပေးရေး၊ ပြည်သူ့လွှတ်တော်အမတ်ကနေပြီး တောင်သူလယ်သမားတွေကို ကူညီဆောင်ရွက်ပေးရေးစတဲ့ တောင်းဆိုချက်တွေနဲ့  ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မအူပင်မြို့နယ် ကံကုန်းကျေးရွာအုပ်က လယ်သမား ၆၀ ကျော်ဟာ မအူပင်မြို့နယ် ရေတွင်းလမ်းထိပ်ကနေ ပြည်သူ့လွှတ်တော်အမတ်ရုံးအထိ လှည့်လည် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မအူပင်မြို့နယ် ကံကုန်းကျေးရွာအုပ်စုက တောင်သူလယ်သမားတဦးဖြစ်တဲ့ ဦးကျော်လင်းအောင်က ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။

"ကျနော်တို့ ကံကုန်းကျေးရွာအုပ်စုက ဗိုလ်မှူးသိန်းနိုင် သိမ်းထားတဲ့ လယ်မြေတွေက လယ်သမားတွေပါ။ အခု လယ်ယာမြေပြဿနာတွေကြောင့် တောင်သူလယ်သမားတွေရဲ့ အခက်အခဲအများကြီးရှိလို့ ဆန္ဒထုတ်ဖော်တာပါ။"

ကံကုန်းကျေးရွာအုပ်စုက လယ်မြေ ၇၁ ဧကကို ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက အရင် အုပ်ချုပ်ရေးမှူးဟောင်း ဗိုလ်မှူးသိန်းနိုင်ကနေပြီး သိမ်းဆည်းခဲ့ပြီးနောက် သီးစားပြန်ချထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက လယ်ယာမြေတွေထဲ ဘောင်ဝင်ကန့်ပြီး ဒေသခံ လယ်သမားတချို့ကိုလည်း အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ တို့နဲ့ တရားစွဲဆိုခဲ့ပါတယ်။

တရားစွဲဆိုခံထားရတဲ့ ကံကုန်းကျွေးရွာအုပ်စု ၀က်စုကျေးရွာက လယ်သမား ဒေါ်သန်းစိန်က "ကျမတို့ လယ်သမားတွေက သူတို့ ကန်ထဲကို လယ်သွားလုပ်တာ မဟုတ်ပါဘူး။ ကျမတို့ လယ်ယာမြေထဲကို သူတို့က ဘောင်ဝင်ကန့်တယ်။ ဘောင်ဝင်ကန့်တော့ ကျမတို့ လယ်သမားတွေက တားပါတယ်။ တားတော့ အောင်ဟိတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ကနေပြီးတော့ လယ်သမားတွေအတွက် လုပ်ပေးတာပါလို့ ပြောပြီး ဘောင်တွေ ပြီးသွားတော့ ကျမတို့ လယ်သမားတွေကို နှင်ထုတ်ပါတယ်။ ကျူးကျော်ဆိုပြီးတော့ ၂၀၁၂ ခုနှစ်မှာ ကျမတို့ကို ရုံးတင်ပြီး တရားလည်း စွဲဆိုပါတယ်" လို့ ပြောပါတယ်။

ဒီလယ်ယာမြေကိုပဲ ဆက်လက်လုပ်ကိုင်လိုတယ်လို့ ဒေါ်သန်းစိန်က ဆက်လက်ပြောဆိုပါတယ်။

"ကျမရဲ့ ဆန္ဒကတော့ ကျမတို့က လယ်မြေကိုပဲ ဆက်လက်လုပ်ကိုင်ခွင့် လိုချင်ပါတယ်။ အမှန်တရား ပေါ်ပေါက်စေချင်ပါတယ်။ အမှန်တရား မပေါ်ပေါက်ရင် ကျမတို့ ဆင်းရဲတဲ့ လယ်သမားတွေမှာ အများကြီး နစ်နာပြီး ဘ၀တွေ ပျက်ကြမှာပါ။"

ဒီနှစ် ဖေဖော်ဝါရီလကလည်း မအူပင် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာရှိ လယ်မြေများ ပြန်လည်ရရှိရေး အငြင်းပွားခဲ့ရာကနေ ဒေသခံ လယ်သမားတွေနဲ့ ရဲတွေအကြား ပဋိပက္ခတွေ ဖြစ်ပေါ်ပြီး ရဲတပ်ဖွဲ့ဝင် ၂၇ ဦးနဲ့ လယ်သမား ၁၅ ဦး ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013