DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကိုဗစ်-၁၉ လူနာနှင့် သံသယရှိသူ ၂၃ ဦး သေဆုံး
DVB
·
July 16, 2021
မန္တလေးတွင် ကိုဗစ်-၁၉ လူနာနှင့် သံသယရှိသူ ၂၃ ဦး သေဆုံး
1 / 11
Donate to DVB

မန္တလေးမြို့မှာ ဇူလိုင် ၁၅ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ ၂၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းဆီက သိရပါတယ်။

ဇူလိုင် ၁၅ ရက်က မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှာအယောက် ၂၀၊ ရပ်ကွက်တွေမှာ ကိုဗစ်သံသယရှိသူ ၃ ဦး သေဆုံးခဲ့ပါတယ်။

ရပ်ကွက်တွေမှာ သေဆုံးခဲ့သူတွေကို ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့နဲ့ မြတ်သဒ္ဓါလူမှုနာမှုကူညီရေးအသင်းတို့ အေးရိပ်ငြိမ်သုသာန်ကို ကူညီပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

ဇူလိုင် ၁၄ ရက်က အေးရိပ်ငြိမ်သုဿာန်မှာ အလောင်းတွေ ပြွတ်သိပ်နေပြီး သင်္ဂြိုဟ်ဖို့ အလှည့်ကျ စောင့်ဆိုင်းခဲ့ရပြီး ကိုဗစ်-၁၉ လူနာ နှင့် ကိုဗစ်သံသယဖြင့် သေဆုံးသူ ၆၀ လောက်ရှိတယ်လို့ မြို့ခံပရဟိတအသင်းတစ်ချို့က ပြောပါတယ်။

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပြီး မြေပြင်မှာ သေဆုံးသူစာရင်း ပိုများနိုင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူအများစုက အောက်ဆီဂျင် မလုံလောက်တဲ့အတွက် အသက်ရှူရပ်ပြီး သေဆုံးနေတာ ဖြစ်ပါတယ်။ ရပ်ကွက်အတွင်း အပြင်ဆေးခန်းပြပြီး ကြိတ်ကုနေတာကြတဲ့ လူနာတွေ၊ အိမ်မှာပဲ ကုသမှုခံယူနေရတဲ့ လူနာတွေနဲ့ ကိုဗစ်ရောဂါ သံသယနဲ့  သေဆုံးသူတွေလည်း များစွာ ရှိနေပါတယ်။

Photo - ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့/ မြတ်သဒ္ဓါလူမှုနာမှုကူညီရေးအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013