DVB Logo
Home
မြန်မာသတင်း
အရေးပေါ်လူနာများအတွက် မာဃလူမှုကူညီရေးအသင်း အောက်ဆီဂျင်အိုး မလုံမလောက် ဖြစ်နေ
DVB
·
July 15, 2021
အရေးပေါ်လူနာများအတွက် မာဃလူမှုကူညီရေးအသင်း အောက်ဆီဂျင်အိုး မလုံမလောက် ဖြစ်နေ
1 / 6
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့ မာဃလူမှုကူညီရေးအသင်းမှာ အရေးပေါ် ကိုဗစ်-၁၉ လူနာတွေအတွက် အခမဲ့ငှားရမ်းပေးနေတဲ့ အောက်ဆီဂျင်အိုးတွေ မလုံလောက်တဲ့ အခက်အခဲတွေ ရှိနေတယ်လို့ အသင်းတာဝန်ရှိသူ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ် - ၁၉ အရေးပေါ်လူနာတွေကို အောက်စီဂျင်အိုးတွေ အခမဲ့ငှားရမ်းပေးနေရာက ကိုဗစ်လူနာများပြားလာတဲ့အတွက် အောက်စီဂျင်အိုး မလုံလောက်တဲ့အပြင် အောက်ဆီဂျင်ကို မော်လမြိုင်မြို့မှာ သွားရောက်ပြီး ခွဲတမ်းအတိုင်း ထုတ်ယူရတဲ့အတွက် အရေးပေါ်လူနာတွေအတွက် အခက်အခဲတွေ ရှိနေတာပါ။

ဘားအံမြို့၊ မာဃလူမှုကူညီရေးအသင်း၊ တာဝန်ရှိသူတစ်ဦးက "ကိုဗစ်လူနာက များလာတယ်။ အသင်းရုံးမှာရှိတဲ့အိုးတွေ ငှားပေးထားတာ အကုန်ပဲ။ မရှိတော့ဘူး။ နောက်ထပ် အရေးပေါ်လူနာအတွက် အောက်စီဂျင်အိုး အခက်အခဲတွေရှိတယ်။ နေ့စဥ် ကိုဗစ်နဲ့ သေဆုံးတဲ့ လူနာတွေ ရှိနေတယ်" လို့ ပြောပါတယ်။

အောက်ဆီဂျင်ဆိုတာ ကုသမှုပေးတာတစ်ခုဖြစ်သလို ရောဂါအခြေအနေပေါ်  ဆရာဝန်ညွှန်ကြားချက်အတိုင်း ကုသရတာဖြစ်ပြီး မလိုအပ်ဘဲ အောက်ဆီဂျင်အိုးတွေ ဝယ်ယူနေတာတွေကြောင့် တကယ်လိုအပ်သူအတွက် အိုးပြတ်တဲ့အခက်အခဲ ဖြစ်ရတာလို့ ဘားအံမြို့၊ ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က ဆိုပါတယ်။

"သူတို့သဘောနဲ့ မောတယ်ဆိုပြီး မလိုသေးဘဲ အောက်ဆီဂျင်အိုးတွေ ပြေးဝယ်။ တကယ်လိုအပ်တဲ့သူအတွက် မရှိတော့ဘူး။ အိုးတွေပြတ်တော့ တကယ်လိုအပ်တဲ့ လူနာအတွက် အခက်အခဲဖြစ်တာပေါ့။" 

ဇွန်လ ၁၅ ရက်နေ့ကစတင်ကာ မာဃလူမှုကူညီရေးအသင်းအနေနဲ့ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်အတည်ပြုလူနာ ၁၇၀ နီးပါးကို ဆေးရုံပို့ဆောင်တာ၊ သေဆုံးသူ ၁၉ ဦးကို ပို့ဆောင်သင်္ဂြိုဟ်တာတွေကို ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့အောက်ဆီဂျင် ထုတ်လုပ်နိုင်ဖို့ စီးပွားရေး လုပ်ငန်းရှင်တချို့နဲ့ အလှူရှင်တွေ စုပေါင်ပြီး စက်ရုံတည်ဆောက်နိုင်ဖို့ စီစဥ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013