DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းသား ၂၆ ဦး အဖမ်းခံရ
DVB
·
July 14, 2021
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းသား ၂၆ ဦး အဖမ်းခံရ
1 / 3
Donate to DVB

မြန်မာနိုင်ငံ ကရင်ပြည်နယ်ကတဆင့် ထိုင်းနိုင်ငံကို တရားမဝင်သွားတဲ့  မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆ ယောက်ကို နယ်စပ်မှာ ဇူလိုင် ၁၃ ရက် မနက်ပိုင်းက  ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့အတွက် မြန်မာနိုင်ငံ ပဲခူး၊ ရခိုင်နဲ့ မွန်ပြည်နယ်တို့က ဖြစ်ကြပါတယ်။

မြဝတီမြို့ကတဆင့် ထိုင်းနိုင်ငံဘက်ကို သွားဖို့အတွက် မြဝတီမြို့ မြောက်ဘက် မိုင် ၃၀ ကျော် တောတွင်းတနေရာကနေ သောင်ရင်းမြစ်ကို စက်လှေနဲ့ကူးပြီး ခြေလျင် လမ်းလျှောက်ကာ  ကားထပ်စီးရင်း လမ်းခရီးမှာ ၅ ညအိပ် ထမင်းမစားရဘဲ ဒုက္ခရောက်ကြပြီးနောက် ထိုင်းနယ်မြေလုံခြုံရေးတပ်နဲ့ တာဝန်ရှိသူတွေက ပူးပေါင်းဖမ်းဆီးသွားတာ ဖြစ်တယ်။

ဖမ်းဆီးခံရတဲ့  ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံ တာ့ခ်ရိုင် မယ်လမတ်မြို့မ ရဲစခန်းမှာ စစ်ဆေးပြီး  မြန်မာ-ထိုင်း နယ်စပ် ချစ်ကြည်ရေးတံတား အမှတ် (၁) အရှေ့ထိုင်း (လ.ဝ.က)ကို လွှဲပြောင်းပေးကာ ထိုင်းနိုင်ငံ တရားမဝင် အထောက်ထားမဲ့နဲ့  အရေးယူသွားမှာ ဖြစ်ပါတယ်။

မြန်မာ-ထိုင်း နယ်စပ်မှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် တရားမဝင် ဝင်ရောက်သူတွေနဲ့ နယ်စပ် ဖြတ်သန်းသွားလာမှုတွေကို ထိုင်းဘက်က လုံခြုံရေးနည်းပေါင်းစုံနဲ့  တင်းကျပ်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013