DVB Logo
Home
မြန်မာသတင်း
ထားဝယ်စီးပွားရေးဇုန် အကောင်အထည်ဖော်ရန် တင်ဒါခေါ်မည်
DVB
·
December 3, 2013
ထားဝယ်စီးပွားရေးဇုန် အကောင်အထည်ဖော်ရန် တင်ဒါခေါ်မည်
Donate to DVB

အီတာလျံထိုင်းကုမ္ပဏီ ထွက်သွားပြီးနောက် ထားဝယ်အထူးစီပွားရေးဇုန်ကို ဆက်လက် အကောင်အထည်ဖော်ဖို့  ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို တင်ဒါ ခေါ်ယူ ရွေးချယ်သွားမယ်လို့  ထားဝယ်အထူးစီးပွားရေးဇုန် ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌက မီဒီယာတွေကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

dawei1ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ စပ်လျဉ်းပြီး အစိုးရအနေနဲ့ လက်ရှိလုပ်ဆောင် နေတဲ့ အခြေအနေတွေကို သတင်းထုတ်ပြန်တဲ့အနေနဲ့ ရန်ကုန်မြို့မှာ မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မှာ ထိုင်း-မြန်မာ ၂ နိုင်ငံ ပူးပေါင်း အကောင်အထည်ဖော်နေတဲ့  ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းဟာ မြန်မာနိုင်ငံအတွက် အကြီးဆုံး စီမံကိန်းကြီးတခု ဖြစ်တာကြောင့် ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု များစွာ လိုအပ်နေတဲ့ စီမံကိန်းကြီးလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီစီမံကိန်းကြီး အကောင်အထည်ဖော်ဖို့ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို တင်ဒါ ခေါ်ပြီး လုပ်ဆောင်သွားမယ်လို့ ထားဝယ်စီးပွားရေးဇုန်အတွက် ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေးဆိုင်ရာ ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးဆက်အောင်က မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

“စီမံကိန်းက အရမ်းကြီးတဲ့အတွက် ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ကုမ္ပဏီတခုတည်း လုပ်လို့ မရဘူး။ development လုပ်တဲ့အခါမှာ ကုမ္ပဏီတခုတည်းနဲ့ မဟုတ်ဘဲ ကုမ္ပဏီ အားလုံးပေါင်းပြီးသော်လည်းကောင်း၊ ဒါမှမဟုတ် ကုမ္ပဏီတွေ အားလုံးခွဲပြီးသော်လည်းကောင်း၊ စီမံကိန်း development ကို လုပ်ရတာ ဖြစ်ပါတယ်။ အီတာလျံ ထိုင်းကုမ္ပဏီ Financial Capacity မရှိဘူးဆိုပြီးပြောတာ အီတာလျံထိုင်းကုမ္ပဏီတခုမှ မဟုတ်ပါဘူး။ ဘယ်ကုမ္ပဏီမှ ဘယ်လောက်ကြီးမားတဲ့ စီမံကိန်း အားလုံးကို လုပ်ဖို့အတွက် ဘယ်ကုမ္ပဏီမှ ဒီလောက်ကြီးမားတဲ့ Financial Capacity မရှိပါဘူး။ ဒါကြောင့် ကျနော်တို့က အီတာလျံ ထိုင်းကုမ္ပဏီအပြင် တခြားနိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ခေါ်ရမှာ ဖြစ်ပါတယ်။”

ဒ့ါပြင်   ဒီစီမံကိန်းကနေ  အီတာလျံ ထိုင်းကုမ္ပဏီက ရပ်နားခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဦးဆက်အောင်က အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။

“အီတာလျံထိုင်းကုမ္ပဏီ အဓိကရပ်ရတဲ့ အကြောင်းရင်းက နံပါတ် ၁ တခြား နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ကျနော်တို့ ဖိတ်ခေါ်ချင်ပါတယ်။ တခြား နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ဖို့အတွက် Due Diligence assessment က အရေးကြီးပါတယ်။ Due Diligence assessment ကို လုပ်ဖို့အတွက် အီတာလျံထိုင်းကုမ္ပဏီ လုပ်ငန်းတွေ ရပ်ကိုရပ်ရမှာ ဖြစ်ပါတယ်။ လုပ်ငန်းတွေ ရပ်ဖို့အတွက်ကလည်း ထိုင်းအစိုးရကော၊ မြန်မာအစိုးရကော အကုန်လုံး သေသေချာချာ အီတာလျံ ထိုင်းကုမ္ပဏီနဲ့ တိုင်ပင်ဆွေးနွေးပြီး Due Diligence လုပ်ဖို့အတွက် အားလုံး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ”

အီတာလျံထိုင်းကုမ္ပဏီနဲ့ စီမံကိန်းအကြား လုပ်ငန်းပိုင်းဆိုင်ရာ ရှင်းရှင်းလင်းလင်း သိရှိပြီး   ပြည်ပရင်းနှီးမြှုပ်နှံသူတွေ ၀င်ရောက်လာနိုင်ဖို့ အီတာလျံထိုင်းကုမ္ပဏီက အကောင်အထည် ဖော် ဆောင်ရွက်ခဲ့တဲ့  ရင်းနှီးမြှုပ်နှံမှုတွေကို  နိုင်ငံတကာစာရင်းစစ်အဖွဲ့က ၀င်ရောက်စစ်ဆေးပြီး ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်ရဲ့ ပထမအဆင့်စီမံကိန်းအတွက်  တင်ဒါ ဖိတ်ခေါ်လွှာ တွေကို  ယခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ  ထုတ်ပြန်ပေးသွားဖို့ ရှိပြီး အဆိုပြုချက်တွေကိုတော့  ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ  တင်သွင်းနိုင်မှာ ဖြစ်တယ်လို့  ထားဝယ်အထူး စီးပွားရေးဇုန် တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ရဲ့ ဥက္ကဋ္ဌ  ဦးဝင်းမြင့်က  ပြောပါတယ်။

“ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ proposal အဆိုပြုချက်တွေ ရောက်လာမှာပါ။ ဘယ်သူက ဘယ်လောက်အထိ လုပ်နိုင်မယ်ဆိုတာ proposal ရမယ်ဆိုရင်  ကျနော်တို့အဖွဲ့ကနေပြီး မတ်လ ၃၁ ရက်နေ့အပြီး ရွေးမယ်။ ရွေးပြီးရင် အဲဒီအဖွဲ့က ၂၀၁၄ မေ ၁၅ ရက်နေ့ကစပြီး လုပ်ငန်း ၇ ခုကို အပြီး လုပ်သွားရမှာဖြစ်တယ်။ ”

တင်ဒါရွေးချယ်မယ့် အခြေအနေနဲ့ လုပ်ငန်းစတင်ရမယ့် အချိန်ကာလ သက်မှတ်ချက်တွေကို ဦးဝင်းမြင့်က ရှင်းလင်းပြောကြားသွားတာ ဖြစ်ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ ပထမအဆင့်စီမံကိန်းမှာ ထားဝယ် အထူးစီးပွားရေးဇုန်ကနေ ထိုင်းမြန်မာနယ်စပ် ဖူနာရွန်အထိ ၂ လမ်းသွား မော်တော်ကားလမ်း၊ တန်ချိန် ၁ သောင်း ၃ ထောင်ကနေ ၂ သောင်းရှိတဲ့ ရေယာဉ်တွေ ဆိုက်ကပ်နိုင်မယ့် ဆိပ်ကမ်းငယ်၊ လုပ်သားအင်အား သုံးရတဲ့  အသေးစားနဲ့ အလတ်စား စက်မှုဇုန်၊ ဒီစက်မှုလုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ လူနေ အဆောက် အဦတွေနဲ့ မြို့ပြစီမံကိန်း၊ ရေပေးဝေရေး စီမံကိန်းနဲ့ ဆက်သွယ်ရေးလုပ်ငန်းစတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013