DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့အောက်ဆီဂျင်ထုတ်စက်အတွက် ဝေဠုကျော်ဖောင်ဒေးရှင်းက ကျပ်သိန်း ၁၀၀ မတည် လှူဒါန်း
DVB
·
July 12, 2021
ရန်ကုန်မြို့အောက်ဆီဂျင်ထုတ်စက်အတွက် ဝေဠုကျော်ဖောင်ဒေးရှင်းက ကျပ်သိန်း ၁၀၀ မတည် လှူဒါန်း
Donate to DVB

ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တဖွဲ့ဖြစ်တဲ့ သရုပ်ဆောင်မင်းသား ဝေဠုကျော် တည်ထောင်ထားတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းက တကျော့ပြန် ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်ထိန်းချုပ်ရေးမှာ လိုအပ်နေတဲ့ အောက်ဆီဂျင်ထုတ်စက်အတွက် ကျပ်သိန်း ၁၀၀ မတည်လှူဒါန်းထားပြီး လှူဒါန်းလိုသူတွေကိုလည်း ဖိတ်ခေါ်နေပါတယ်။       

“အောက်ဆီဂျင်ထုတ်စက်အတွက်အလှူခံပါ။ မြန်မာပြည်မှာ အခုလက်ရှိ ဖြစ်ပွား နေတဲ့ ကိုဗစ် တတိယလှိုင်းပိုးက အောက်ဆီဂျင် အဓိက လိုအပ်လာပါတယ်။ လူနာတွေ တိုးလာတာနဲ့အမျှ အောက်ဆီဂျင် လိုအပ်ချက်က မနိုင်မနင်း ဖြစ်လာပါပြီ။ အောက်ဆီဂျင်အိုးတွေ ရလာတော့လည်း လေဖြည့်တဲ့ နေရာတွေမှာ အချိန်အကြာကြီး တန်းစီရပါတယ်။ မြို့တိုင်းမှာလည်း အောက်ဆီဂျင်ထုတ်စက်ရုံတွေ တည်ဆောက်ဖို့ ပြင်လာကြ ပါပြီ။ ကျနော်တို့ ရန်ကုန်မြို့အတွက်လည်း အောက်ဆီဂျင်စက်ရုံများ တည်ဆောက်ဖို့ လို အပ်လာပါပြီ။” လို့ ‌ဝေဠုကျော်ဖောင်ဒေးရှင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ဖိတ်ခေါ်ထားပါတယ်။

လတ်တလော တကျော့ပြန်ကူးစက်ပျံ့နှံ့မှုတွေ များပြားလာနေတဲ့ ကိုဗစ်ကပ်ဘေး တတိယလှိုင်းကာလမှာ ရန်ကုန်တိုင်းဟာ တခြားသော တိုင်းနဲ့ ပြည်နယ်တွေနည်းတူ လူနေ ထူထပ်တာမို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အဆိုးဝါးဆုံး အခြေအနေမှာ ရှိနေပြီး အောက်ဆီဂျင်လိုအပ်တဲ့ ပြဿနာတွေနဲ့ လိုအပ်ချက်တွေ ရှိလာနေတာ ဖြစ်ပါတယ်။

တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လတ်တလော အချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၉၂,၂၁၃ ယောက်၊ သေဆုံးသူ ၃,၈၃၈ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။  

ဝါရင့်ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဝေဠုကျော်ဟာ ဝေဠုကျော်ဖောင်ဒေးရှင်းကို ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူမှုအကျိုးပြု ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ပရဟိတအလုပ်တွေကို အားတတ်သရော ပါဝင်လှုပ်ရှားနေသူ ဖြစ်ပါတယ်။        

လတ်တလောမှာတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ တဖက်တလမ်းကနေ ထောက်ပံ့ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။ 

ခန့်မှန်းခြေကျပ်သိန်း ၁၅၀၀ လောက် ကုန်ကျမယ့် အောက်ဆီဂျင်ထုတ်စက်ကို လောလောဆယ်မှာတော့ ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး မိုဘိုင်းရွေ့လျားပုံစံ တည်ဆောက်သွားဖို့ ရည်ရွယ်ထားပြီး အဆင်မပြေမှသာ မြေပြင်စက်ရုံ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ အောက်ဖော်ပြပါ ဝေဠုကျော်ရဲ့ နေအိမ်လိပ်စာ၊ ဘဏ် အကောင့်တွေကတဆင့် လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

ဝေဠုကျော် နေအိမ်

-----------------------

အမှတ် ၂၃၇ ၊ကံ့ကော်မြိုင် ၂လမ်း ၊ ၂၃ရပ်ကွက် ၊

VIP 1 ၊သုဝဏ္ဏ ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

( ရေစက် မှတ်တိုင် အနီး )

09-4 555 000 10(K Pay)(U Soe Thein)

09-4 555 000 14

09-77 60 89 484 (Wave Money account)

*****************************

ဘဏ်မှ ထည့်ဝင်လှုဒါန်းလိုသူများအတွက်

U Wai Lu Kyaw Swar

( KBZ Bank - Thuwanna) 

078 101 999 356 309 01 

Wai Lu Kyaw Foundation

KBZ Bank (Thuwunna)

07810307800806601

ဦးစိုးသိမ်း

12/သကတ (နိုင်) 011 519

မြန်မာ့ရှေ့ဆောင်ဘဏ် (သုဝဏ္ဏဘဏ်ခွဲ)

045 01 31 04 500 11 83 045

ဧရာဝတီဘဏ် (သုဝဏ္ဏဘဏ်ခွဲ)

004 522 30 1000 66 00

CB Bank (သုဝဏ္ဏဘဏ်ခွဲ)

00 78 600 1000 25 739

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013