DVB Logo
Home
မြန်မာသတင်း
ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လဆန်းအတွင်း တိုက်ခိုက်ဖောက်ခွဲမှုပေါင်း ၂၀ ကျော်လုပ်ခဲ့ဟု မန္တလေး PDF ပြော
DVB
·
July 12, 2021
ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လဆန်းအတွင်း တိုက်ခိုက်ဖောက်ခွဲမှုပေါင်း ၂၀ ကျော်လုပ်ခဲ့ဟု မန္တလေး PDF ပြော
Donate to DVB

ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လဆန်းအတွင်းမှာ ပြည်ကြီးတံခွန် ပစ်ခတ်မှု၊ လေးမျက်နှာဘုရားဝင်းအတွင်းက စစ်ကောင်စီစခန်းကိုဖောက်ခွဲမှု၊ မန္တလေးအဆင့်မြင့်ရဲ စခန်းဖောက်ခွဲမှု၊ ပုသိမ်ကြီးလှည့်ကင်းရဲနှစ်ယောက်ကို ပစ်ခတ်ချေမှုန်းမှုအပါအဝင် တိုက်ခိုက်ဖောက်ခွဲမှုပေါင်း ၂၀ ကျော်ကို မန္တလေး PDF က ဆောင်ရွက်ခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။ 

ဇူလိုင် ၁၁ ရက်နေ့ ချမ်းမြသာစည်လျှပ်စစ်ရုံးဖောက်ခွဲမှု၊ တောင်မြို့ အမရပူရ လျှပ်စစ်ရုံးဖောက်ခွဲမှုတွေကိုလည်း မန္တလေး PDF က ဆောင်ရွက်ခဲ့တာလို့ အတည်ပြုပါတယ်။ 

ဇွန်လ နောက်ဆုံးရက်သတ္တပတ်က စစ်ကောင်စီကို ကူညီပေးနေတဲ့ ဒလန် ၄ ယောက်ကိုရှင်းလင်းခဲ့ပြီး ဇူလိုင် ၄ ရက်နေ့မှာ စစ်ကောင်စီကို အားပေးသူတွေနဲ့ ဆက်စပ်နေရာတွေမှာ ဗုံး ၄၂ လုံး ဖောက်ခွဲခဲ့ပါတယ်လို့  မန္တလေး PDF ခေါင်းဆောင်က ပြောပါတယ်။

တော်လှန်ရေးလုပ်ငန်းတွေကို အောင်မြင်အောင်လုပ်ဆောင်နိုင်တာဟာ မန္တလေးပြည်သူတွေရဲ့ ကူညီအားပေးမှုကြောင့်ဖြစ်ပြီး ဆက်လက်အားပေးကူညီဖို့လည်း တိုက်တွန်းပါတယ်။

“ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာ၊ ဗုံးပေါက်တဲ့နေရာတွေကို အင်တာနက်ပေါ် မတင်ဘဲ ကျနော်တို့ကို ကူညီပေးခဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်” မန္တလေး PDF ခေါင်းဆောင်က ပြောပါတယ်။

ဇွန်လ ၂၂ ရက်က MDY-PDF ရဲ့ စခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ရာမှာ စစ်ကောင်စီဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး PDF ဘက်က နှစ်ဦးကျဆုံး၊ ၆ ဦး အဖမ်းခံခဲ့ရကြောင်း၊ အဲ့ဒီနောက်ပိုင်းမှာ ပိုပြီးစနစ်ကျတဲ့ ပြောက်ကျားစနစ်ကို ဖော်ဆောင်ပြီး လှုပ်ရှားခဲ့တယ်လို့ မန္တလေး PDF ခေါင်းဆောင်က ပြောပါတယ်။ 

မန္တလေး PDF အနေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013