DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား အရပ်ဘက်အဖွဲ့များ ငြိမ်းချမ်းရေး ဆွေးနွေး
DVB
·
December 2, 2013
တိုင်းရင်းသား အရပ်ဘက်အဖွဲ့များ ငြိမ်းချမ်းရေး ဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြည်သူတွေ တက်ကြွစွာ ပါဝင်လာရေးနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွင်းမှာ လိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းနဲ့ ပြည်နယ် အသီးသီးက အရပ်ဘက် လူ့အဖွဲ့အစည်း ၃၀ ကျော် ဆွေးနွေးပွဲ ကျင်းပနေပါတယ်။

invite copyငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍ ဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့ စိန့်ဂျိုးဇက် အောက်မေ့ဘွယ် ဓမ္မာရုံမှာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၄ နေ့အထိ မျိုးဆက်သစ် (ရှမ်းပြည်) က ဆွေးနွေးပွဲကို ဦးဆောင် ကျင်းပ နေတာဖြစ်ပါတယ်။ ဆွေးနွေးပွဲ ခေါင်းစဉ်တွေနဲ့ ပတ်သက်လို့ ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ မျိုးဆက်သစ် (ရှမ်းပြည်) အဖွဲ့ဝင် ကိုညီညီမိုးက "ကျနော်တို့ ခေါင်းစဉ် ၃ ရပ်ကို ဆွေးနွေးနေပါတယ်။ ပထမ ၁ ရက်မှာက ငြိမ်းချမ်းရေး တရားမျှတမှု၊ ဒီနေ့မှာတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပေါ့နော် မနက်ဖြန်မှာတော့ ငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်မှုပေါ့နော် အဲဒီခေါင်းစဉ်ကို ဆက်လက်ဆွေးနွေးပါ့မယ်” လို့ ပြောပါတယ်။

ပြည်နယ်အသီးသီးကနေ ဆွေးနွေးပွဲ လာတက်တဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက သူတို့ ဒေသတွေမှာ တွေ့ကြုံခံစားနေရတဲ့ အခက်အခဲတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့  ပြောပါတယ်။

ဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ ရလဒ်တွေကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ မြန်မာငြိမ်းချမ်းရေးစင်တာက ၀န်ကြီး ဦးအောင်မင်း အပါအ၀င် အဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားပါတီပေါင်းစုံနဲ့ အပစ်ရပ်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး တင်ပြဆွေးနွေးသွားမယ်လို့ ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013