DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ် အဆောင် ၆ ခု ပြန်လည် အသုံးပြုမည်
DVB
·
December 2, 2013
ရန်ကုန်တက္ကသိုလ် အဆောင် ၆ ခု ပြန်လည် အသုံးပြုမည်
Donate to DVB

ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်းမှာ ရှိတဲ့ အဆောင် ၇ ခု ထဲက ၆ ခုကို အခုလအတွင်း ပြန်လည် အသုံးပြုတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းဝင်း အတွင်းမှာရှိတဲ့ အရင် လူနေအဆောင် ၇ ခု ထဲက ပင်းယဆောင်၊ အင်းဝဆောင်၊ စစ်ကိုင်းဆောင်၊ ရွှေဘိုဆောင်၊ ဒဂုံဆောင်နဲ့ ပဲခူးဆောင် စတဲ့ အဆောင် ၆ ခုကို ကျောင်းသူကျောင်းသားတွေ နေထိုင်နိုင်ဖို့ ပြန်လည် အသုံးပြုတော့မှာ ဖြစ်ပါတယ်။

Yang Universityကျန်တဲ့ သထုံဆောင်ကိုတော့ လောလောဆယ် ဆရာမတွေ နေထိုင်နေကြတာကြောင့် ၂၀၁၄ ခုနှစ်ကျမှ ကျောင်းသူနဲ့ ကျောင်းသားတွေအတွက် အဆောင်အဖြစ် ပြန်လည် အသုံးပြုသွားမယ်လို့ သိရပါတယ်။

ဒီအဆောင်တွေမှာ နေခွင့်ရမယ့် ကျောင်းသူနဲ့ ကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက် သင်ကြားခွင့်ရပြီး ရန်ကုန်ဧရိယာပြင်ပမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

အရင်က အဆောင်နေ ကျောင်းသူကျောင်းသား အယောက် ၃၀၀ ကို စတင်ခေါ်ယူခဲ့စဉ်က ပညာအရည်းအချင်း ကန့်သတ်ခဲ့တာကြောင့် လာရောက်မယ့်သူ အလွန်နည်းပါးခဲ့ပါတယ်။

ဒါကြောင့်  အမှတ်သတ်မှတ်ချက်တွေကို ဖြေလျော့ပေးခဲ့ပြီး ဒီနှစ် ပညာသင်နှစ် ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ အဆောင်နေ ကျောင်းသားနဲ့ ကျောင်းသူတွေအတွက် ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

အရင်က ရန်ကုန်တက္ကသိုလ်မှာ ဘာသာရပ် ၂၀ ကို သင်ကြားချင်သူတွေဟာ တက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးအမှတ် ၄၃ဝ ကနေ အမြင့်ဆုံး ၅၁ဝ လောက်အထိ  ပညာရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့ပြီး ကျောင်းသူကျောင်းသား အယောက် ၃၀၀ ကိုပဲ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လာရောက်လျှောက်ထားသူ မရှိသလောက် နည်းပါးတဲ့အတွက် အခု ပညာသင်နှစ်မှာတော့  တက္ကသိုလ်ဝင်တန်း အောင်မြင်သူတိုင်း လျှောက်ထားနိုင်ပြီး လာရောက် လျှောက်ထားသူတွေ များခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပေးမယ့် ဘာသာရပ်တွေကတော့ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ ဥပဒေပညာ၊ ပထဝီဝင်၊ သမိုင်း၊ စိတ်ပညာ၊ ဒဿနိကေဗဒ၊ မနုဿေဗဒ၊ ရှေးဟောင်းသုတေသနပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အရှေ့တိုင်းပညာ၊ ကွန်ပျူတာသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံတို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013