DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့လယ် စက်သုံးဆီအရောင်းဆိုင် ရွွှေှ့ပေးရေး ဆန္ဒပြ
DVB
·
December 2, 2013
တောင်တွင်းကြီးမြို့လယ် စက်သုံးဆီအရောင်းဆိုင် ရွွှေှ့ပေးရေး ဆန္ဒပြ
Donate to DVB

မကွေးတိုင်း တောင်တွင်းကြီးမြို့လယ်ရှိ အမှတ် ၅၄ နယူဒေး စက်သုံးဆီအရောင်းဆိုင်ကို မြို့လယ်မှာ ဆက်ထားရင် အန္တရာယ်ရှိနိုင်တဲ့အတွက် မြို့ပြင်ပြောင်းရွှေ့ပေးဖို့ တောင်တွင်းကြီး ဒေသခံတချို့ ဒီဇင်ဘာလ ၂ ရက်နေ့ က စီတန်းလှည့်လည် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

[caption id="attachment_47431" align="alignleft" width="300"] စီတန်းလှည့်လည် ဆန္ဒပြနေစဉ် အာဏာပိုင်တွေ တားဆီး
စီတန်းလှည့်လည် ဆန္ဒပြနေစဉ် အာဏာပိုင်တွေ တားဆီး[/caption]

ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကို ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်တဲ့ ဦးကျော်ထွန်းဦးက "တောင်တွင်းကြီးမြို့မှာ ၁၉၈၁ ခုနှစ်တုန်းက မြို့လုံးကျွတ်နီးပါး မီးလောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဆီဆိုင်နေရာကနေ ဒီဇယ် ပေပါ ၂ လုံး ပေါက်ကွဲလို့ တမြို့လုံး မီးလောင်ခဲ့တာပါ။ သို့မဟုတ်ဆိုရင် ကျနော်တို့ အဲဒီလောက် အတိဒုက္ခမရောက်ခဲ့ပါဘူး။ အဲဒီတုန်းက လူနေမှုက တော်တော်လေး ကျဲတယ်။ ဒါတောင်မှ မြို့လုံးကျွတ်နီးပါး လောင်ခဲ့တယ်။ အခု အနေအထားမှာကျတော့ လူနေမှုကလည်း စိပ်တယ်။ အနီးအနားမှာလည်း စားသောက်ဆိုင်တွေနဲ့ အနောက်မြောက်ဘက် ကိုက် ၁ ထောင်လောက် အကွာမှာက မြို့မ ဈေးကြီး ရှိတယ်။ အနောက်တောင်ဘက် ကိုက် ၁ ထောင်လောက်မှာက ပြည်သူ့ဆေးရုံကြီး ရှိတယ်။ အရှေ့ဘက် ကပ်လျက်မှာ ရှိနေတာက ခြုံစည်းရိုးလေးပဲ ခြားတယ်၊ မြို့မ မူလတန်းလွန်ကျောင်း ရှိတယ်။ အဲဒီဆိုင်နဲ့ ကျောင်းနဲ့ ကပ်နေတဲ့အတွက် ကျနော်တို့ မြို့ကလည်း ပူပြင်း ခြောက်သွေ့တဲ့ရာသီဥတု ရှိတယ်။ မီးဘေးအန္တရာယ်လည်း အရမ်း စိုးရိမ်တဲ့အတွက် ဒါကို မြို့ပြင် ရွှေ့ပေးဖို့ တောင်းဆိုတာပါ" လို့ ပြောပါတယ်။

ဓာတ်ဆီဂါလန် ၁ သောင်းကျော် သိုလှောင်ထားတဲ့ မြို့လယ်ရှိ  စက်သုံးဆီအရောင်းဆိုင်က မီးဘေးလုံခြုံမှုအရ စနစ်တကျမရှိဘဲ အော့တိန်း(ဓာတ်ဆီ)ခံ အပြားမလုံပဲ အငွေ့မလုံတာတွေ တွေ့ရပြီး ဓာတ်ဆီကန်တွေက သာမန်အုတ်ကန်တွေအဖြစ် တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

မြို့လယ်ရှိ ဓာတ်ဆီဆိုင်ကို ပြောင်းရွှေ့ရေး လက်မှတ်ထိုး တောင်းဆိုတဲ့ ကျောင်းပေါင်း ၄၀ ကျော်နဲ့ ဒေသခံ ပြည်သူလူထု ၁၅၀ ကျော်ရှိကြောင်း ဒေသခံ ဦးကျော်ထွန်းဦးက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လက ခရိုင်စစ်ဆေးရေးအဖွဲ့တွေ စက်သုံးဆီဆိုင်ကို ၀င်ရောက်စစ်ဆေးခဲ့ပြီး ဒေသခံကို စစ်ဆေးချက်တွေ အကြောင်းပြန်မယ်လို့ ပြောဆိုပေမယ့် ဒီနေ့အထိ တစုံတရာ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့က မြို့လယ်ရှိ နယူဒေး စက်သုံးဆီအရောင်းဆိုင် ပြောင်းရွှေ့ဖို့ တကိုယ်တော် ဆန္ဒပြခဲ့သူ ဦးပြည့်မိုးကို ခွင့်ပြုမိန့်မကျဘဲ စီတန်းလှည့်လည်ခဲ့တာကြောင့် တောင်တွင်းကြီးရဲစခန်းက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013