DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် အောက်ဆီဂျင်ဘူး စျေးနှုန်း ၂ ဆမြင့်တက်ပြီး ပစ္စည်းပြတ်လပ်နေ
DVB
·
July 9, 2021
မန္တလေးတွင် အောက်ဆီဂျင်ဘူး စျေးနှုန်း ၂ ဆမြင့်တက်ပြီး ပစ္စည်းပြတ်လပ်နေ
Donate to DVB

မန္တလေးမြို့မှာ ကိုဗစ်၁-၉ အတည်ပြုလူနာ များပြားလာချိန် အောက်ဆီဂျင်ဘူးတွေ စျေးနှုန်း နှစ်ဆမြင့်တက်ခဲ့ပြီး စ္စည်းပြတ်လပ်တဲ့ထိ ဖြစ်နေတယ်လို့ မြို့ခံပရဟိတအသင်းတစ်ခုမှ သိရပါတယ်။

မန္တလေးမှာ ကိုဗစ်ကူးစက်မှု မမြင့်တက်ခင်ကတည်းက အောက်ဆီဂျင်ဘူးနဲ့ ဆက်စပ်ပစ္စည်းတွေ ကြိုတင်စုဆောင်းဝယ်ယူထားကြတာကြောင့် အခုအခါ အမှန်တကယ် လိုအပ်နေသူတွေ လိုအပ်မှုမြင့်တက်ချိန် ဈေးကြီးပြီး  ပစ္စည်းပြတ်လပ်နေတာပါ။

မြို့ခံပရဟိတအသင်းတစ်သင်းရဲ့ တာဝန်ရှိသူက" မန္တလေးမြို့က မြို့ကြီးဖြစ်တော့ ပိုက်ဆံရှိ အသိုင်းအဝိုင်းများတယ်။ သူတို့က ကလေးမြို့မှ ကူးစက်မှုမြင့်နေတယ်လို့ ကြားကတည်းက ကြိုတင်ဝယ်ယူထားကြတယ်။ အခု တကယ်လိုအပ်လာချိန် လိုအပ်နေသူတွေဆီမှာ ပစ္စည်းမရတော့ဘူး၊ စျေးကလဲ နှစ်ဆ၊ သုံးဆမြင့်တက်သွားတယ်" လို့ ပြောပါတယ်။

မန္တလေးမြို့မှာ 40L အောက်ဆီဂျင် တစ်ဘူးကို အရင်က ကျပ်တစ်သိန်းခွဲသာ စျေးရှိခဲ့ပေမဲ့ အခု ကျပ်သုံးသိန်းခွဲကျော်အထိစျေးရှိနေပါတယ်။ အောက်ဆီဂျင် စက်တစ်လုံးကို အရင်က  ၁၀ သိန်းလောက်သာ စျေးရှိခဲ့ပေမယ် ယခုအခါ သိန်း ၂၀ လောက် ပေးဝယ်နေရပါတယ်။ 

အမှန်တကယ် လိုအပ်နေသူတွေက စျေးနှုန်းမြင့်ပေးပြီး လိုက်လံဝယ်ယူနေပေမယ် ဝယ်ယူလိုမရအောင် ပစ္စည်းပြတ်လပ်နေပါတယ်။

“အောက်ဆီဂျင်ဘူးတွေ ဘယ်နေရာမှာ ဖြည့်လို့ရလဲ၊ ဘယ်အချိန်တွေ ဖြည့်လို့ရလဲ၊ အမြဲနားစွင့်နေရတယ်။ အဆက်အသွယ် မပြတ်သွားဖို့ လုပ်နေရတယ်''လို့  မြို့ခံပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

မန္တလေးမြို့ရှိ ပရဟိတအသင်းတွေထံမှာ အောက်ဆီဂျင်ဘူးငှားရမ်းထားသူတွေက ပြန်မပေးတာ ရှိနေတဲ့အတွက် နောက်ထပ် အောက်ဆီဂျင်ဘူး လိုအပ်နေသူတွေထံ ကူညီပေးနိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။

"အသင်းမှာ ရှိတဲ့ အောက်ဆီဂျင်ဘူးတွေ ငှားပေးတာ ပြန်မရတာတွေရှိတယ်၊ အသင်းကားပေါ်တောင် အောက်ဆီဂျင်ဘူး ထားဖို့တောင် မရှိတော့ဘူး'' လို့ မြို့ခံပရဟိတအသင်းတစ်သင်းမှာ တာဝန်ရှိသူက ပြောပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူအများစုက အောက်ဆီဂျင်မလုံလောက်တဲ့အတွက် အသက်ရှုရပ်ပြီး သေဆုံးတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013