DVB Logo
Home
မြန်မာသတင်း
ဗီဇပြောင်း ကိုဗစ်-၁၉ ကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းများ သီတင်း ၂ ပတ်ပိတ်
DVB
·
July 9, 2021
ဗီဇပြောင်း ကိုဗစ်-၁၉ ကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းများ သီတင်း ၂ ပတ်ပိတ်
Donate to DVB

မြန်မာနိုင်ငံမှာ မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံတဝန်း အခြေခံပညာကျောင်းတွေကို သီတင်း ၂ ပတ်ကြာ ယာယီပိတ်ထားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

       ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မေလ တတိယပတ်လောက်က စတင်ကာ မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုရှိနေကြောင်း ဖော်ပြထားခဲ့ပြီး နိုင်ငံတဝန်း ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေအပါအ၀င် အခြေခံပညာကျောင်းတွေကို ဇူလိုင် ၉ ရက်နေ့က စတင်ကာ ၂၃ ရက်နေ့ထိ ပိတ်ထားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ပိုးတွေ့ရှိသူ ၁၁ ဦးရှိကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။       လတ်တလောအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁ သိန်း ၈ သောင်းကျော် ရှိလာနေပြီဖြစ်ကာ သေဆုံးသူ ၃၆၀၀ ကျော် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013