DVB Logo
Home
မြန်မာသတင်း
စစ်ရေးပဋိပက္ခကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းလိုဟု RCSS ကြေညာ
DVB
·
July 8, 2021
စစ်ရေးပဋိပက္ခကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းလိုဟု RCSS ကြေညာ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေးအတွက်  ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့  ဝိုင်းဝန်းကြိုးပမ်း ဖြေရှင်းလိုတယ်လို့ ရှမ်းပြည်တပ်မတော် RCSS/SSA က ဒီကနေ့ ဇူလိုင် ၈ ရက်မှာ  ထုတ်ပြန်ကြေညာပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူ၊ ကျောက်မဲနဲ့ သီပေါ မြို့နယ်ထဲမှာ SSA/SSPP  ရှမ်းပြည်တပ်မတော်နဲ့  PSLF/TNLA ပလောင်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ရှမ်းပြည်တပ်မတော် RCSS/ SSA နဲ့ တိုက်ပွဲဖြစ်နေတာ လနဲ့ချီကြာမြင့်နေပြီ ဖြစ်ပါတယ်။ 

SSA/SSPP နဲ့  PSLF/TNLA တို့ ပူးပေါင်းပြီး RCSS ရဲ့တပ်စခန်းကို အင်အားအလုံးအရင်းနဲ့ဝင်တိုက်တာကြောင့် ရက်ရှည်တိုက်ပွဲဖြစ်နေရတာလို့   RCSS/ SSA ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံကျေးလက်ပြည်သူလူထုတွေ ဆင်းရဲဒုက္ခ ခံစားနေရ တာကို RCSS အနေနဲ့များစွာစိတ်မကောင်းဖြစ်ရကြောင်း၊  နိုင်ငံရေးပြဿနာကို စစ်ရေး အရဖြေရှင်းလို့ရမှာမဟုတ်ဘဲ ပြဿနာကို ပိုကြီးမားကျယ်ပြန့်စေပြီး ကျေးလက်ပြည်သူတွေကို ဆင်းရဲဒုက္ခအမျိုးမျိုးပိုကြုံတွေ့စေကြောင်း၊ RCSS အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းစစ်ရေး ပဋိပက္ခမှာ ခံစစ်အသွင်နဲ့သာ စစ်ရေးဖော်ဆောင်နေရတယ်လို့ ဆိုပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် နေရာအနှံ့မှာ နိုင်ငံရေးအကျပ်အတည်းကြုံတွေ့တာ၊ ပြည်သူ့လုံခြုံရေးနဲ့ ဥပဒေစိုးမိုးမှုအားနည်းတာ၊ စီးပွားရေးကျဆင်းတာ၊ ကုန်သွယ်မှုခက်ခဲတာ၊ လူမှုရေးပြဿနာ များလာတာ၊ အလုပ်လက်မဲ့များလာတာ၊ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းတ နေ့တခြားများလာတာတွေကြောင့် တိုင်းရင်းသားပြည်သူတရပ်လုံး အခက်အခဲနဲ့ကြုံ ရချိန် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချင်းချင်းကြား စစ်ရေးပဋိပက္ခ ဆက်ဖြစ်နေမယ်ဆိုရင် ကျေး လက်ပြည်သူတွေကို ဒုက္ခဆင်းရဲတွင်းထဲ တွန်းချရာရောက်စေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွား နေတဲ့ စစ်ရေးပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖြေရှင်းကြစေလိုတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ 

ကျောက်မဲခရိုင်ထဲမှာ ဒီနှစ်မတ်လကုန်ပိုင်းကစ ဖြစ်ပွားခဲ့တဲ့  တိုက်ပွဲတွေကြောင့် ရွာဦးဘုန်းကြီးကျောင်းအပါအဝင် ကျေးလက်ပြည်သူတို့ရဲ့ နေအိမ်အလုံးပေါင်း ၁၀၀ ကျော် လက်နက်ကြီးသင့်မီးလောင်ပျက်စီးခဲ့ရကာ ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရပါ တယ်။

ဒါ့အပြင် ရွာသားတွေလည်း  ဟိုဘက်ဒီဘက်လက်နက်ကိုင်တွေ ထောက်ပံ့တယ်၊ သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရတာ၊ တပ်သားသစ်စုဆောင်းတာ၊ ဆက်ကြေးကောက်တာ တွေလည်းခံနေရပါတယ်။

Photo- RCSS Info 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
စစ်ရေးပဋိပက္ခကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းလိုဟု RCSS ကြေညာ