ဟော်မုဇ်ရေလက်ကြားရဲ့ နိုင်ငံတကာရေပြင်အတွင်းရှိ မိုင်းတွေအားလုံးကို ဖယ်ရှား ရှင်းလင်းတာတွေနဲ့ ဖောက်ခွဲလိုက်တာတွေ လုပ်လိုက်ပြီဖြစ်ပြီး မိုင်းအသစ်ထပ်ထောင်တဲ့ သင်္ဘော ဒါမှမဟုတ် လှေမှန်သမျှ ဖျက်ဆီးခံရမဲ့အကြောင်း အီရန်ကို အသိပေးထားပြီးပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဩဂုတ် ၂၅ ရက်မှာ သူ့ရဲ့ Truth Social လူမှုကွန်ရက် ကနေ ပြောပါတယ်။
အမေရိကန် အာကာသတပ်ဖွဲ့ကို သုံးပြီး ဟော်မုဇ် ရေလက်ကြားတခုလုံးကို တလက်မ ပတ်လည်တောင် မလွတ်သွားအောင် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
ပစ်ခ်အက်စ်တောင်နဲ့ အရင်က ဖျက်ဆီးထားပြီးသား နျူကလီးယားစခန်း ၃ ခုကိုလည်း ဒီအတိုင်းပဲ ဆက်စောင့်ကြည့်နေတယ်လို့ ပါရှိပါတယ်။
မိုင်းထောင်တဲ့ကိစ္စနဲ့ ပတ်သက်ရင် လုံးဝသည်းခံမှာ မဟုတ်ဘူးဆိုတဲ့ မူဝါဒအတိုင်း အပြတ်ကိုင်တွယ်သွားမယ်လို့လည်း သတိပေးထားပါတယ်။
Source: Reuters











