DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်းစီးပွားရေးသတင်း
DVB
·
December 1, 2013
တပတ်အတွင်းစီးပွားရေးသတင်း
Donate to DVB

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းတွေနဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေတွေကို တင်ဆက်ပေးပါမည်။

ဒီတပတ်ရဲ့ နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းနဲ့ အခြေခံ စားသောက်ကုန် ဖြစ်တဲ့ ဆန်၊ ဆီနဲ့ ကြက်သွန်ဈေးနှုန်းတွေအပါအ၀င် ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေတွေကို စုစည်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

Aung San Suu Kyi comforts crying HIV/AIDS infected people during a visit to the National League for Democracy (NLD) party headquarters to mark World AIDS Day in Yangonဒီတပတ်ရဲ့နောက်ဆုံးရကတော့ မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲနှုန်း အခြေအနေကို ပထမဦးစွာ တင်ပြရရင် အမေရိကန် ၁ ဒေါ်လာ ၉၈၃ ကျပ်၊ ၁ ယူရို ၁၃၃၇ ကျပ်၊ စင်္ကာပူ ၁ ဒေါ်လာ ၇၈၂ ကျပ်၊ ဗြိတိသျှစတာလင် ၁ ပေါင် ၁၆၀၆ ကျပ်၊ ဂျပန်ယန်း ၁၀၀ ၉၆၁ ကျပ်၊ ဩစတြေးလျ ၁ ဒေါ်လာ ၈၉၂ကျပ်၊ တရုတ် ၁ ယွမ် ၁၆၁ ကျပ်၊ အိန္ဒိယ ၁ ရူပီး ၁၅ ကျပ်၊ ကိုရီးယားဝမ် ၁၀၀ ၉၂ ကျပ်၊ မလေးရှား ၁ ရင်းဂစ် ၃၀၄ ကျပ်၊ ထိုင်း ၁ ဘတ် ၃၀ ကျပ်နှုန်းနဲ့ အသီးသီး ပေါက်ဈေး ရှိခဲ့ပါတယ်။ ယခု တင်ပြခဲ့တဲ့ ဈေးနှုန်းတွေကတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်တဲ့ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းတွေ ဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ ပေါက်ဈေးနှုန်းတွေ ဖြစ်ပါတယ်။

အစိုးရက ခွင့်ပြုထားတဲ့ ငွေလဲကောင်တာတွေမှာ ဆိုရင် နိုင်ငံခြားငွေလဲလှယ်တဲ့နှုန်းက ဒီ ၁ ပတ် မှာလဲ ဈေးနှုန်းက အပြောင်းအလဲ ရှိခဲ့ပါတယ်။ ဒါကတော့ ဗဟိုဘဏ်ရဲ့ ရည်ညွန်နိုင်ငံခြားငွေ လဲလှယ်တဲ့နှုန်းက အခု ၁ ပတ်အတွင်းမှာ အမေရိကန် ၁ ဒေါ်လာဈေးနှုန်းက ၄ ကျပ် မြင့်တက်သွားပါတယ်။

ဒါကြောင့် ဒီ ၁ ပတ်ရဲ့ နောက်ဆုံး သိရတဲ့ဈေးနှုန်းအရ ငွေလဲကောင်တာတွေမှာ အမေရိကန် ၁ ဒေါ်လာ ဈေးနှုန်းက ၀ယ်ဈေး ၉၇၉ ကျပ် နဲ့ ရောင်းဈေး ၉၈၆ ကျပ် ရှိလို့ ၀ယ်ဈေးနဲ့ ရောင်းဈေးက ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၀ယ်ဈေးက ၁ ဒေါ်လာကို ၇ ကျပ်နဲ့ ရောင်းဈေးက ၁ ဒေါ်လာကို ၃ ကျပ် အသီးသီးမြင့်တက်မှု ရှိခဲ့ပါတယ်။

ဒီနောက် ရွှေဈေးနှုန်းအခြေအနေကို တင်ပြရင် ပြည်တွင်းအကယ်ဒမီရွှေဈေးက ရန်ကုန်ဈေးကွက်မှာ ပြီးခဲ့တဲ့ ၁ ပတ်က ၁ ကျပ်သားကို ၆ သိန်း ၆ သောင်း ၆ ထောင် ၇ ရာ ကျပ် ရှိခဲ့ပေမယ့် ဒီနေ့ သိရတဲ့ နောက်ဆုံးဈေးနှုန်းအရ ၁ ကျပ်သားကို ၆ သိန်း ၆ သောင်း ၂ ထောင် ၂ ရာ ကျပ်သာ ရှိလို့ ပြည်တွင်းရွှေဈေးက ဒီ ၁ ပတ်မှာတော့ ၁ ကျပ်သားကို ၄၅၀၀ ကျပ် ကျဆင်းမှု ရှိခဲ့ပါတယ်။

ဒါကြောင့် ရန်ကုန်ဈေးကွက်မှာ လက်ရှိ အနေအထားကတော့ ပြည်တွင်းရွှေဈေးက အကျဘက်ကိုဘဲ ဆက်တိုက်ရှိခဲ့တာ ဖြစ်လို့ ဈေးကွက်ထဲမှာ ၀ယ်လိုအားထက် ရောင်းလိုအားက ပိုများနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ အတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းကတော့ နိုင်ငံတကာဈေးကွက်မှာ ပြီးခဲ့တဲ့ ၁ ပတ်က ၁ အောင်စကို ၁၂၄၃ ဒေါ်လာ ရှိခဲ့ပြီး ဒီ ၁ ပတ်ရဲ့ နောက်ဆုံးသိရတဲ့ဈေးနှုန်းအရ ၁ အောင်စကို ၁၂၄၂ ဒေါ်လာ ရှိလို့ ကမ္ဘာ့ရွှေဈေး က အခုတပတ်မှာတော့ ပြောင်းလဲမှု မရှိဘူးလို့ ဆိုရမှာပါ။

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာခဲ့လို့ ဒေါ်လာနဲ့ တင်သွင်းရတဲ့ စက်သုံးဆီဈေးနှုန်းတွေက ရန်ကုန်ဈေးကွက်မှာတော့ ဒီကနေ့မှာဘဲ စတင်ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။ အရင်ရက်သတ္တပတ်တွေကဆိုရင် ဓာတ်ဆီအပါအ၀င် ဒီဇယ်နဲ့ အောက်တိန်း ဈေးနှုန်းတွေက ပြောင်းလဲမှု မရှိခဲ့ပေမယ့် ဒီကနေ့မှာတော့ ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေက ပြောင်းလဲမှု ရှိခဲ့ပါတယ်။ ဒါကြောင့် ဓာတ်ဆီက ၁ လီတာကို ၆ ကျပ် တက်သွားခဲ့လို့ ရောင်းဈေးက ၈၂၀ ကျပ် ရှိနေသလို ဒီဇယ်ကလဲ ၁ လီတာကို ၂၀ ကျပ်အထိ တက်သွားခဲ့လို့ ရောင်းဈေးက ၉၄၀ ကျပ် ရှိနေပါတယ်။ ဒါပေမယ့် အောက်တိန်းဈေးနှုန်းကတော့ လက်ရှိမှာ ပြောင်းလဲမှု မရှိသေးလို့ ရောင်းဈေးက ၁ လီတာ ၉၂၀ ကျပ် ရှိတယ်လို့ ရန်ကုန်မြို့ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တွေက ဆိုပါတယ်။

အခြေခံ စားသောက်ကုန်တွေထဲမှာဆိုရင် (ဆန်ချော) ပေါ်ဆန်းမွှေး ၁ ပြည် ၁၁၀၀ ကျပ် ကနေ ၁၂၀၀ ကျပ်၊ (ဆန်ကြမ်း) ဧည့်မထ ၁ ပြည် ၈၅၀ ကျပ် ကနေ ၉၀၀ ကျပ်၊ ပဲဆီ ၁ ပိသာ ၃၈၀၀ကျပ်၊ နှမ်းဆီ ၁ ပိသာ ၄၈၀၀ ကျပ်နဲ့ စားအုံးဆီ ၁ ပိသာ ၁၆၀၀ ကျပ်၊ ဆိပ်ဖြူ ကြက်သွန်နီ ၁ ပိသာ ၆၅၀နဲ့ ၇၀၀ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) ၁ ပိသာ ၁၅၀၀ ကျပ် ရှိတယ်လို့ ဘုရင့်နောင် ကုန်စည်ဒိုင်ရဲ့စာရင်းတွေအရ သိရပါတယ်။

ဒီနောက် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်အတွင်းမှာ ဒီ ၁ ပတ်မှာလဲ အိန္ဒိယ ၀ယ်လက်တွေဘက်က ၀ယ်အား ပုံမှန်ရှိခဲ့လို့ မတ်ပဲ RC ၁ တန်ကို ကျပ် ၃ သောင်းခန့် ဈေး ပိုရလာတယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။ လက်ရှိမှာဆိုရင် မတ်ပဲဈေးနှုန်းက RC ၁ တန်ကို ၆ သိန်း ၃ သောင်း ၂ ထောင်ကျပ်ရှိပြီး နေ့စဉ် အရောင်းအ၀ယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးအနေနဲ့ ဒီ ၁ ပတ်မှာတော့ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေကို တင်ပြရင် အခု ဘဏ္ဍာရေးနှစ်စတင်တဲ့ ဧပြီလကနေ နိုဝင်ဘာလ တတိယအပတ်အထိ နယ်စပ်အပါအ၀င် ပင်လယ်ရေကြောင်းကတဆင့် တရားဝင် ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ ၁၄ ဒဿမ ၈၂၉ ဘီလီယံကျော် ရရှိထားပြီး ဖြစ်လို့ ဒါဟာ ပြီးခဲ့တဲ့နှစ်ကာလတူ ကုန်သွယ်မှုပမာဏနဲ့ယှဉ်ရင် ကန်ဒေါ်လာ သန်း ၃၅၀၀ နီးပါး တိုးတက်မှု ရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို ကုန်သွယ်မှု တိုးတက်လာရတဲ့အကြောင်းကတော့ နယ်စပ်တွေနဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ တရားမ၀င်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးလှုပ်ရှားအဖွဲ့(mobile team)က အကောက်ခွန်မဲ့ ကုန်စည်တွေ ၀င်ရောက်မှု မရှိအောင် တားဆီးစစ်ဆေးမှုတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစလို့ စီမံချက်နဲ့ လုပ်ကိုင်နိုင်ခဲ့လို့ တရားဝင် ကုန်သွယ်မှုပမဏ တိုးလာတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အခုနှစ်မှာ ကုန်သွယ်မှုပမာဏ တိုးတက်လာမှုနဲ့အတူ ဖမ်းဆီးရမိတဲ့ ပမာဏကလဲ နိုဝင်ဘာလ၀က်အထိ ကျပ်သန်းပေါင်း ၇၈၅၀ ကျော်ရှိပြီး အမှုတွဲပေါင်း ၂၃၂၀ ကျော် ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒီအပြင် စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ ခုဘဏ္ဍာရေးနှစ်မှာ ပင်လယ်ရေကြောင်း အပါအ၀င် နယ်စပ်လမ်းကြောင်းတွေကတဆင့် ကုန်သွယ်မှုပမာဏက နောက်ထပ် ဒေါ်လာသန်း ၃၆၀၀ နီးပါး ထပ်မံ ရရှိဖို့ မျှော်မှန်းထားတယ်လို့ ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာဌာနက ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က သုံးသပ်ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013