DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့တွင် ကိုဗစ်လူနာ ၅ ဦးကို ဆေးကုသမှုမပေး၍ အသက်အန္တရာယ် စိုးရိမ်
DVB
·
July 3, 2021
ရေစကြိုမြို့တွင် ကိုဗစ်လူနာ ၅ ဦးကို ဆေးကုသမှုမပေး၍ အသက်အန္တရာယ် စိုးရိမ်
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၅ ဦးကို ကျန်းမာရေးဌာနက ထိရောက်တဲ့ ဆေးဝါးကုသပေးမှုတွေ မပြုလုပ်ပေးတဲ့အတွက် အသက်အန္တရာယ်အပြင် ရောဂါကူးစက် ပြန့်ပွားမှာကို စိုးရိမ်တယ်လို့ ဇူလိုင် ၃ ရက်နေ့ နေ့လယ်ပိုင်းက မိသားစုဝင်တွေက DVB ကို ပြောပါတယ်။

ဇူလိုင် ၁  ရက်နေ့က  ခရီးသွားရာဇဝင်ရှိတဲ့ ကိုဗစ်အတည်ပြုလူနာကတဆင့်  ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၅ ဦးကို ထိရောက်တဲ့ ဆေးဝါးကုသမှုတွေမပေးတဲ့အပြင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီကပါ တာဝန်ယူမှုမရှိတဲ့အတွက် အသက်အန္တရာယ်နဲ့ ရောဂါကူးစက်ပြန့်ပွားမှာကို စိုးရိမ်နေကြတာပါ။

ကိုဗစ်အတည်ပြုလူနာရဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက “ကျန်းမာရေးဌာနက လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆေးဝါးကုသပေးတာ မရှိဘူး။ ကိုဗစ်ကော်မတီက ပိုဆိုးတယ်။ အမည်ခံပဲ တာဝန်ခံတာ မရှိဘူး။ အရင်အစိုးရနဲ့ အများကြီး ကွာတယ်။ အခုက ကိုယ်ဖြစ်ကိုယ်ခံပဲ” လို့ ဆိုပါတယ်။ 

ဇူလိုင် ၂ ရက်နေ့ထိ  ကိုဗစ်ကူးစက်ခံရသူ ရေစကြိုမြို့ပေါ် ထင်းတန်းရပ်ကွက်က ၄ ဦး၊ ညောင်တောကျေးရွာက ၁ ဦးရှိပြီး အတည်ပြုလူနာ ၂ ဦးကို  မြို့နယ်ပြည်သူ့ဆေးရုံနဲ့ ကျန်လူနာ ၃ ဦးကို Stay home ထားရှိပြီး အသွားအလာကန့်သတ်ထားပေမယ့်  လူနာတွေရဲ့ လိုအပ်တဲ့ ဆေးဝါးကုသမှုနဲ့ စားသောက်ရေးအပြင် နေအိမ်လမ်းကြား ပိုးသတ်ဆေးဖျန်းတာတွေ အပါအဝင် မြို့နယ်ကြက်ခြေနီအသင်းကပဲ ပံ့ပိုးကူညီ ဆောင်ရွက်ပေးထားတယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကိုဗစ်အတည်ပြုလူနာ တိုးလာနေပေမယ့် စစ်ကောင်စီက ဖိအားပေးဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေ၊ စျေးတွေ၊ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ လူစုလူဝေးနဲ့ ဆိုင်ထိုင်စားစနစ်တွေကို ပိတ်ပင်တားမြစ်တာ မရှိတဲ့အတွက် ရောဂါကူးစက်ပြန့်ပွားလာမှာ စိုးရိမ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013