Homeမြန်မာသတင်း
မုံရွာတွင် လူငယ်တစ်ဦးအား အကြမ်းဖက်စစ်တပ်က နေ့လယ်ပိုင်းဖမ်းဆီးသွားပြီး ညနေပိုင်း အလောင်းလာပို့
မုံရွာတွင် လူငယ်တစ်ဦးအား အကြမ်းဖက်စစ်တပ်က နေ့လယ်ပိုင်းဖမ်းဆီးသွားပြီး ညနေပိုင်း အလောင်းလာပို့
DVB
·
July 2, 2021

စစ်ကိုင်းတိုင်း မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်က လူငယ်တစ်ဦးဖြစ်တဲ့ ကိုငယ်လေးကို ဇူလိုင် ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ အလောင်းလာပို့သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
“ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မသိရဘူး။ လမ်းမှာဖမ်းခံရတယ်လို့ သိရတယ်။ အခုညနေပိုင်းမှာ အိမ်ကို အလောင်းလာပို့ခဲ့တယ်။”