DVB Logo
Home
မြန်မာသတင်း
ဖားကန့် လုံးခင်းကျေးရွာက ရဲ ၃ ဦးကို သေနတ် လက်လုပ်မိုင်းများနှင့်အတူ KIA ဖမ်းမိ
DVB
·
July 1, 2021
ဖားကန့် လုံးခင်းကျေးရွာက ရဲ ၃ ဦးကို သေနတ် လက်လုပ်မိုင်းများနှင့်အတူ KIA ဖမ်းမိ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စုရဲစခန်းက ရဲအရာရှိ ၁ ဦးအပါအဝင် ရဲ ၃ ဦးကို ဇွန်လ ၃၀ ရက်နေ့က သေနတ် ၃ လက်၊ လက်လုပ်မိုင်းတွေနဲ့အတူ KIA က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

လုံးခင်းကနေ ဖားကန့်မြို့ကို သွားတဲ့လမ်းရှိ ညီနောင်တံတားအနီးမှာ ညနေ ၄ နာရီလောက် ကားကို KIA က တားစစ်ဆေးရာကနေ ရဲတွေမှန်းသိလို့ ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

KIA တပ်သားတွေက ဖားကန့်မြို့အနီးတဝိုက်မှာ ရှိနေတတ်ပေမယ့် ခုလိုစစ်ဆေးတာမျိုး သိပ်မရှိသလို သတင်းအရ စစ်ဆေးတာမျိုးဖြစ်နိုင်ပြီး ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

လုံးခင်းကျေးရွာက ရဲ ၃ ဦးကို KIA ရဲ့ တပ်ရင်း ၄၄ က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ပြောဆိုမှုများရှိနေပေမယ့် DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဇွန်လ ၂၉ ရက်နေ့က ၂၁ မိုင်ဂိတ်ကို KIA ဘက်က ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း စစ်ရဟတ်ယာဥ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့သလို ဒီကနေ့ မနက်ပိုင်းမှာလည်း နန့်ယားအခြေစိုက် အကြမ်းဖက်စစ်တပ်က KIA ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013