DVB Logo
Home
မြန်မာသတင်း
တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်ချမှတ်
DVB
·
November 29, 2013
တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်ချမှတ်
Donate to DVB

ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားသူ ဦးထင်ကျော်နဲ့ လယ်သမားအရေးကူညီ လုပ်ဆောင်ပေးသူ ဦးဝင်းချိုတို့ကို သက်ဆိုင်ရာ တရားရုံးတွေက ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

[caption id="attachment_21575" align="alignright" width="300"]ကိုထင်ကျော် ကိုထင်ကျော်[/caption]

ဒီကနေ့ တနေ့တည်းမှာ ဦးထင်ကျော်ကို ကျောက်တံတားတရားရုံးက ထောင်ဒဏ် ၉ လ ပြစ်ဒဏ်ချလိုက်တာဖြစ်ပြီး ဦးဝင်းချိုကိုတော့ ပဲခူးတရားရုံးက ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

ဦးထင်ကျော်ကို တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့ဝင် ကိုသိန်းအောင်မြင့်က “ကျောက်တံတားရဲစခန်းမှာ စွဲထားတဲ့ အမှု ၄ မှုထဲက ၃ မှုကို ချလိုက်တာပေါ့ အစ်ကိုရာ။ ပထမ ၁ မှုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေမြေး ဖိုးလပြည့် က မော်တော်ပီကယ်ကို အနိုင်ကျင့်သွားတဲ့အပေါ် သက်ဆိုင်ရာ ရဲစခန်းကို အမှုဖွင့် တိုင်ကြားခွင့်မရတဲ့အတွက် အဲဒါကို သူဆန္ဒပြခဲ့တယ်။
ပြီးတော့ မိကျောင်းကန်က ကိုစိန်သန်းကို ပုဒ်မ ၁၈ နဲ့ ဖမ်းတာကို မကျေနပ်တဲ့အတွက် ဆန္ဒထုတ်ဖော်ခဲ့တာရယ်။ လက်ပံတောင်းတောင် မီးလောင်ဗုံးသုံးခဲ့တဲ့အပေါ် အစိုးရပိုင်းက မမျှတတဲ့အတွက် ဆန္ဒထုတ်ဖော်ခဲ့တာတွေပါ။ တမှုချင်းစီကို ထောင် ၃ လနဲ့ ၃ မှုဆိုတော ၉ လ ချမှတ်လိုက်ပါတယ်။”

လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချိုကို ပဲခူးတရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ပုံကိုတော့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ခုလို ပြောပြပါတယ်။

“ဦးဝင်းချိုနဲ့ ရဲဘော် ၅ ယောက်ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)နဲ့ ပြစ်မှုကြီးက ထောင်ဒဏ် ၆ လ အလုပ်မပါဘူး။ နောက်ပြီးတော့ ဦးဝင်းချိုနဲ့ ရန်ပိုင်စိုးကို ပုဒ်မ ၁၈ အရ ဒဏ်ငွေ  ၁ သောင်းစီ၊ နောက်တခါ ဦးဝင်းချို တယောက်တည်းကို ပြစ်မှုကြီး နံပတ် ၆၉၉၄/၂၀၁၃ နဲ့ ပုဒ်မ ၁၈ အရ ဒဏ်ငွေ ၁ သောင်း ဒါကို အမိန့်ချမှတ်ခဲ့ပါတယ်။”

ဦးဝင်းချိုဟာ အချုပ် ၃ လကျခံပြီးဖြစ်လို့ နောက်ထပ် ၃ လပဲ ကျခံရမှာပါ။ သူဟာ ပဲခူးမြို့က လယ်သိမ်းခံ တောင်သူတွေ သူတို့လယ်မြေပြန်ရရေး ဆန္ဒပြခဲ့လို့ အဖမ်းခံ တရားစွဲခံရပြီး ပြစ်ဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတက အခုနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ  အားလုံးပြန်လွှတ်ပေးမယ်လို့ ပြောထားပေမယ့် အခု ရက်ပိုင်းအတွင်း ကျောင်းသားခေါင်းဆောင်တွေ ငြိမ်းချမ်းရေး လမ်းလျှောက်ဆန္ဒပြသူတွေကို ပုဒ်မ ၁၈ နဲ့ ပြစ်ဒဏ်တွေ ဆက်တိုက်ချနေတာ ဖြစ်ပါတယ်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင် ဦးရဲအောင်ရဲ့ ပြောကြားချက်အရ ပုဒ်မ ၁၈ အပါအ၀င် တက်ကြွလှုပ်ရှားသူတွေကို စွဲထားတဲ့အမှုပေါင်း ၂၆၀ ကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013