DVB Logo
Home
မြန်မာသတင်း
ကျူးဘားတော်လှန်ရေးနှင့် ပြောက်ကျားစစ် ဗွီဒီယိုဂိမ်း လူကြိုက်များ
DVB
·
November 29, 2013
ကျူးဘားတော်လှန်ရေးနှင့် ပြောက်ကျားစစ် ဗွီဒီယိုဂိမ်း လူကြိုက်များ
Donate to DVB

ဖီဒယ်ကတ်စထရိုနဲ့ ချေဂွေဗားရားတို့ ဦးဆောင်တဲ့ ကျူးဘားတော်လှန်ရေးနဲ့ ပြောက်ကျားစစ်ကို ပုံဖော်ထားတဲ့ ဗွီဒီယို ဂိမ်းအသစ်တခုဟာ ဟာဗားနားမြို့ရဲ့ ကွန်ပြူတာဂိမ်းဆိုင်ခန်းတွေမှာ လူကြိုက်များလာနေပါတယ်။

gesta finalဒီဂိမ်းမှာ၊ ဂိမ်းကစားသူတွေရဲ့ တာဝန်က ကျူးဘားက ဘာတစ္စတာ အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ဖြစ်ပါတယ်။

Gesta Final (နောက်ဆုံး စွမ်းဆောင်ချက်) လို့ အမည်ရတဲ့ ဒီ ဗွီဒီယိုဂိမ်းမှာ ကစားသူကို၊ မက္ကဆီကိုကနေ ကျူးဘားကို ဂရမ်မာသင်္ဘောစီးသွားပြီး လူထုပုန်ကုန်မှုကို ဦးဆောင်ဖို့သွားကြတဲ့ မူလသူပုန် ၈၂ ဦးထဲက တယောက်အဖြစ်နဲ့ ပါဝင်စေပါတယ်။

သမိုင်းဝင်တိုက်ပွဲတွေကို အဆင့် ၅ ခုခွဲပြီး နာမည်တွေ ပေးထားပါတယ်။ ဂိမ်းကစားသူတွေက စိမ်းလန်းတဲ့တောအုပ်တွေ၊ လမုပင်ပေါက်တဲ့ နွံတောတွေကိုဖြတ်ကျော်ပြီး၊ ဘာတစ္စတာရဲ့ စစ်သားတွေကို ခေတ်ဟောင်းရိုင်ဖယ်သေနတ်တွေ အသုံးပြုပြီး တိုက်ခိုက်ဖို့ သုံးဘက်မြင် သေနတ်သမားအဖြစ် ကိုယ်တိုင် ပါဝင်တဲ့ပုံစံ လုပ်ထားတာပါ။

ဒီဂိမ်းက နိုင်ငံရဲ့တော်လှန်ရေးအသိစိတ်ဓာတ်နဲ့ ဆက်စပ်ပေးဖို့ မျှော်လင့်ထားပါတယ်လို့ Gesta Final ထုတ်လုပ်သူ ဂျော့ လူဝစ်စ် ရိုဆဲလ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ချေဂွေဗားရားစတိုင် ဘယ်ရီကက် ဦးထုပ် ဆောင်းထားတဲ့ပုံ၊ ကက်စထရိုလို သံလွင်ရောင် ဦးထုပ်ဆောင်းထားတဲ့ စစ်သားပုံတို့ကို ထည့်ထားပါတယ်။

ဒီ သုံးဘက်မြင်ဂိမ်းဟာ ဈေးကွက်တင်ရောင်းဖို့ ဒီကျွန်းနိုင်ငံရဲ့ ပထမဆုံး စီးပွားဖြစ်ထုတ်လုပ်တဲ့ ဂိမ်းအဖြစ် စီစဉ်ထားတာပါ။

ဖီဒယ်ကတ်စထရို ပါတဲ့ ဂိမ်းဟာ အခုမှ ပထမဆုံးတော့မဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်က “Call of Duty: Black Ops” ဗွီဒီယိုဂိမ်းဟာ၊ သမ္မတဟောင်း ကတ်စထရိုကို လုပ်ကြံတဲ့ ဇာတ်လမ်းဆင်ထားတာကြောင့် ကျူးဘားမှာ အငြင်းပွားမှုတွေ ဖြစ်စေခဲ့ပါတယ်။

Gesta Final ဂိမ်းကတော့ ကတ်စထရိုရဲ့ ကွန်မြူနစ်တော်လှန်ရေးကြောင့် ထွက်ပြေးခဲ့ကြတဲ့ အမေရိကန် ကျူဘားလူမျိုးအသိုင်းအ၀ိုင်းနဲ့ သဘောထား ကွဲစေလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013