Home
မြန်မာသတင်း
မိုးကုတ် သပိတ်ခေါင်းဆောင်၏ ၅ နှစ်အရွယ် သမီးလေး ပြန်လွတ်
DVB
·
July 1, 2021
202349412_1413064915745991_1608530049640711283_n

မိုးကုတ်မြို့က သပိတ်ခေါင်းဆောင် ကိုစိုးဌေးရဲ့ (၅) နှစ်အရွယ် သမီးလေး ဇွန်လ ၃၀ ရက်နေ့က ပြန်လွတ်လာတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဇွန်လ ၁၃ ရက်နေ့က ကိုစိုးဌေးကို ဖမ်းဆီးရမိဖို့ နေအိမ်မှာလာရှာကာ ဝရမ်းကပ်တာတွေ လုပ်ခဲ့ကြပြီး ကိုစိုးဌေးရဲ့ ဇနီး၊ တတိယနှစ် ဥပဒေ ကျောင်းသူ သမီး၊ အသက် (၅) နှစ်အရွယ် သမီး တို့ကို ဖမ်းဆီးခေါ်သွားတာဖြစ်ပါတယ်။

ကိုစိုးဌေးက “သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်းဆီးခံထားရခြင်းမှပြန်လွတ်လာပါတယ်။ သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါ။ အိမ်ကို ပြန်လွှတ်ရင် အိမ်မှာ လူကြီးတစ်ယောက်မှမရှိတော့ သူ့ ဂရုစိုက်မယ့်သူမရှိဘူး။ ဒါ့ကြောင့် လွတ်ရာကို GZ တွေရဲ့ အကူအညီနဲ့ ခေါ်လာခဲ့တယ်။” လို့ ပြောပါတယ်။

လွတ်လာပြီးစတုန်းက အထဲမှာ ဘယ်လိုနေရလဲ၊ ဘယ်လိုထိုင်ရလဲဆိုတာကို ကလေး အနေနဲ့ မဖြေပေမယ့် နောက်ပိုင်းမှာ “ထမင်းဝအောင်မစားရဘူး" "ရေချိုးရင်အိမ်သာရေနဲ့ချိုးရတယ်” စတာတွေ ပြောပြလာတယ်လို့ ဆိုပါတယ်။

လွတ်မြောက်လာတဲ့ ၅ နှစ်အရွယ် ကလေးဟာ လက်ရှိမှာတော့ ဖခင်ဖြစ်သူနဲ့ အတူရှိနေပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024