DVB Logo
Home
မြန်မာသတင်း
တော်ဝင် သစ်အချောထည် လုပ်သားများကို ပြစ်ဒဏ်ချမှတ်
DVB
·
November 29, 2013
တော်ဝင် သစ်အချောထည် လုပ်သားများကို ပြစ်ဒဏ်ချမှတ်
Donate to DVB

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၀ါးတရာစက်မှုဇုန်ရှိ တော်ဝင်သစ် အချောထည်စက်ရုံက အလုပ်သမားအခွင့်အရေး ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့  အလုပ်သမား ၆ ဦးကို  စမ်းချောင်းမြို့နယ် တရားရုံးက ဒီနေ့ စီရင်ချက်ချမှတ်လိုက်ပါတယ်။

[caption id="attachment_47275" align="alignright" width="300"]ပြီးခဲ့တဲ့နှစ်က တော်ဝင်သစ်အချောထည် စက်ရုံအလုပ်သမားများ ဆန္ဒပြနေစဉ် ပြီးခဲ့တဲ့နှစ်က တော်ဝင်သစ်အချောထည် စက်ရုံအလုပ်သမားများ ဆန္ဒပြနေစဉ်[/caption]

စမ်းချောင်းမြို့နယ်တရားရုံးက  ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုနဲ့  အလုပ်သမားတွေကို တရားစွဲဆိုခဲ့တာ ဖြစ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ  ဒါမှမဟုတ်ရင် ဒဏ်ငွေ ၁ သောင်း ပြစ်ဒဏ်ကို ရွေးချယ်ကျခံခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရတဲ့ အလုပ်သမားတွေကတော့ ဦးနေလင်းဦး၊ ဦးဇင်မျိုးကိုကို၊ ဦးထွန်းထွန်းဝင်း၊ ဒေါ်သီတာအောင်၊ ဒေါ်အိဇာဖြူနဲ့ ဒေါ်သင်းသင်းမော်တို့ ဖြစ်ပါတယ်။

အလုပ်ရှင်က အလုပ်ဖြုတ်လိုက်တာကြောင့် အလုပ်လက်မဲ့ ဖြစ်တာကြာပြီ ဖြစ်တဲ့အတွက် ထောင်ဒဏ် ၁ လ ရွေးချယ်ရမယ့်အချိန်မှာ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ဒဏ်ငွေကို လာရောက် ကူညီပေးဆောင်ခဲ့တယ်လို့ ဦးနေလင်းဦးက ပြောပါတယ်။

“ကျနော်တို့မှာ ၁ နှစ်ကျော် ရုံးချိန်းကို တက်နေရတဲ့အတွက် မိသားစု စားဝတ်နေရေး အခက်အခဲတွေကြောင့် ငွေဒဏ်ကိုလည်း မပေးဆောင်နိုင်ဘူး။ ကျနော်တို့က အလုပ်လည်း မရှိဘူး။ သူတို့ ချမှတ်တဲ့ ထောင်ဒဏ် ၁ လကိုပဲ နောက်ဆုံး ခံယူရမယ့် အနေအထားမျိုးမှာ နိုင်ငံရေးအကျဉ်းသားများဟောင်း အဖွဲ့ချုပ်က လာရောက် ရွေးသွားတယ်။”

အလုပ်သမားတွေကတော့  ပြစ်ဒဏ်ကို ကျူးလွန်ခဲ့တာ  မဟုတ်တဲ့အတွက်  ဒီအမှုကို ဆက်လက် အယူခံဝင်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့က ဒီပုဒ်မကို ကျူးလွန်ထားခြင်း မရှိဘူး။ အဲဒီအတွက် နိုင်ငံတော်က ဒီလို ဆုံးဖြတ်လိုက်တာကို မှန်ကန်မျှတတဲ့ ဆုံးဖြတ်ချက် မဟုတ်တဲ့အတွက် ဆက်လက်ပြီး အယူခံ ၀င်သွားမှာခင်ဗျ။ မြို့နယ်ထက်မြင့်တဲ့ ရုံးတွေကို အယူခံ ၀င်သွားမယ်။ ခရိုင်ရုံးကနေ ဒီအမိန့်ပဲ ထက်မံ ချခဲ့ရင် တိုင်းဒေသကြီးရုံး နောက်ဆုံး လွှတ်တော်အထိ အယူခံလျှောက်ထားမှာ ခင်ဗျ။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ တော်ဝင်သစ်အချောထည်စက်ရုံ လုပ်သားတွေက   လုပ်အားခ တိုးမြှင့်ပေးရေးအပါအ၀င် အလုပ်သမားရပိုင်ခွင့်တွေ ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ကနဦးပိုင်းက ခုံသမာဓိရုံးက အလုပ်သမားအခွင့်အရေး ပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အလုပ်ရှင်က တရားလွှတ်တော်ချုပ်ကို  တင်ပြခဲ့ရာမှာ အချိန် ၃ လ စောင့်ဆိုင်းဖို့ ဖြစ်ခဲ့ပါတယ်။

ဒီကြားကာလမှာ အလုပ်သမား ညွှန်ကြားရေးမှူးရုံးက တာဝန်ရှိသူတွေက အရပ်ဘက်လူ့ အဖွဲ့အစည်းတွေနဲ့ ခေါ်ယူညှိနှိုင်းပြီး အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်ရာမှာ  မပြေလည်မှုတွေ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလမှာတော့ အလုပ်သမားခေါင်းဆောင်တွေနဲ့ စက်ရုံ အရာရှိတို့ အပြန်အလှန် ရိုက်နှက်တာတွေ ဖြစ်ပွားခဲ့ပြီး အပြန်အလှန်တရားစွဲခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013