DVB Logo
Home
မြန်မာသတင်း
အပြစ်မဲ့ပြည်သူ ၂ ထောင်ကျော်လွတ်မြောက်၊ အပြုသဘောဆောင်လွှတ်ပေးခြင်းမျိုး မဟုတ်ဟု အေအေပီပီပြော
DVB
·
July 1, 2021
အပြစ်မဲ့ပြည်သူ ၂ ထောင်ကျော်လွတ်မြောက်၊ အပြုသဘောဆောင်လွှတ်ပေးခြင်းမျိုး မဟုတ်ဟု အေအေပီပီပြော
Donate to DVB

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူ ၂ ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ပြည်သူ ၅၂၁၀ ယောက်ကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

       ခုလိုပြန်လွှတ်လိုက်တာဟာ စစ်အုပ်စုအနေနဲ့ ပြည်သူတွေအပေါ် ဖိနှိပ်နေမှုတွေကို လျှော့ပေါ့လိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်ပေးတာမျိုး၊ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်နေတာမျိုး မဟုတ်ဘဲ မကြာခင်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အသိအမှတ်ပြုလက်ခံလာစေဖို့ ကြိုးစားနေခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

       အေအေပီပီ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “အစကတည်းက မဖမ်းသင့်တဲ့ လူတွေကို ဖမ်းထားတာပါ။ ပြန်လည်လွတ်မြောက်လာတဲ့သူတွေမှာလည်း စိတ်ဒဏ်ရာတွေ၊ ခြိမ်းခြောက်မှု‌တွေ ပွေ့ပိုက်ပြီး ပြန်လာကြရမှာပါ။ လွတ်မြောက်လာသူတွေကို ပြန် လည်ကုစားပေးဖို့လည်း လိုအပ်ပါတယ်။ စာနာနားလည်မှုပေးဖို့လည်း လိုအပ်ပါတယ်။ သူတို့တွေဟာ မတရားဖမ်းဆီးခံခဲ့ရတာပါ။ တကယ်တမ်း ပြုပြင်ပြောင်းလဲရေးအတွက် ရည်ရွယ်တဲ့ လွှတ်ပေးခြင်းမျိုးဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးရမယ်၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ရပါမယ်။ မတရားသဖြင့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သူတွေကို အရေးယူရပါမယ်။ လွှတ်ပေးမှုရှိနေသလို အဖမ်း အဆီးကလည်း ဆက်ရှိနေတာပါ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ မတရားအာဏာသိမ်းကာလဟာ ၅ လကြာမြင့်ခဲ့ပြီဖြစ်ကာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၈၈၄ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၄၃၅ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၂၁၀ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၂၂ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၅ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၄၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ၊ ၂၅ ယောက်ကတော့ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၇ နှစ်စီ၊ ၁ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ အသီး သီး မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရလို့ တိမ်းရှောင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါ တယ်။

       အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က “နိုင်ငံရေး အကျဉ်းသားများရှိနေသရွေ့ ဒီမိုကရေစီလမ်းစဉ်ကို ဖော်ဆောင်နိုင်မှာ မဟုတ်တဲ့အပြင် တရားမျှတမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း အကောင်အထည် ဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။ တ ရားမဝင် အာဏာသိမ်းစစ်အုပ်စုအနေနဲ့ လုပ်ဆောင်နေမှုတွေဟာ အပြု သဘောဆောင် တဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်နေခြင်းမဟုတ်ဘဲ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အသိအမှတ်ပြု လက်ခံ လာစေဖို့ ကြိုးစားနေခြင်းသာ ဖြစ်တယ်”လို့ ပြောပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်နေတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ် အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေ အေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်း ကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013