DVB Logo
Home
မြန်မာသတင်း
လယ်တီစေတီတော် စိန်ဖူးတော်တင်ရန် ပင့်ဆောင်စဉ် အာဏာပိုင်များ တားမြစ်
DVB
·
November 29, 2013
လယ်တီစေတီတော် စိန်ဖူးတော်တင်ရန် ပင့်ဆောင်စဉ် အာဏာပိုင်များ တားမြစ်
Donate to DVB

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ရှိ လယ်တီတောင်ကြား ကျောင်းဟောင်း စေတီတော် စိန်ဖူးတော်အသစ်တင်ဖို့ ပင့်ဆောင်သွားတဲ့ သံဃာတော်တွေနဲ့ ဒေသခံ ၁၀၀ ကျော်ကို အာဏာပိုင်တွေက ဒီနေ့ နံနက်ပိုင်းမှာ တားမြစ်လိုက်ပါတယ်။

မနှစ်ကတည်းက မြေခခဲ့တဲ့ လယ်တီတောင်ကြား ကျောင်းဟောင်း စေတီတော် စိန်ဖူးတော်နဲ့ ထီးတော် အသစ်တင်ဖို့အတွက် တုံရွာကနေပြီး လယ်တီစေတီတော်ဆီကို သွားရောက်နေတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို ရွှေလှေရွာ အနီးမှာ အာဏာပိုင်တွေနဲ့ လုံထိန်းရဲတွေက တားမြစ်လိုက်တာပါ။

LPD copyဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးကို တားဆီးခြင်းဖြစ်ပြီး ဘာသာ၊ သာသနာနဲ့ မသက်ဆိုင်ကြောင်း ဆားလင်းကြီးဒေသ ခရိုင်ဒုရဲမှူးကြီး ဦးတင်ထွန်းက ပြောပါတယ်။

“ဦးဇင် ဦးဝဏ္ဏသိဒ္ဓိကနေပြီးတော့ ဒီ စိန်ဖူးတော်ကို ၂၀၁၂ ခုနှစ် မြေခတဲ့ အချိန်က စပြီး သိမ်းသွားတယ်။ ပြီးတော့ စိန်ဖူးတော် အသစ်တင်မယ်ဆိုပြီး မြို့နယ် အုပ်ချုပ်ရေးမှူးဆီ တင်ပြပါတယ်။ ဒါပေမယ့် မြို့နယ် အုပ်ချုပ်ရေးမှူးကနေပြီးတော့ ဘာသာ၊ သာသနာရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာတွေနဲ့ မညီတဲ့အတွက်ကြောင့်မို့။ နောက်တခါ ဒါဟာ တားမြစ်ထားတဲ့ စီမံကိန်းဧရိယာ ဖြစ်တဲ့အတွက်ကြောင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကနေပြီးတော့ တားမြစ်ကန့်ကွက်ထားပါတယ်။ အခုလို ဥပဒေနဲ့အညီ ခွင့်ပြုမိန့်ရရှိထားခြင်း မရှိဘဲနဲ့ လမ်းပေါ်မှာ လူစုလူဝေးနဲ့ ထွက်လာတဲ့ အတွက်ကြောင့် ကျနော်တို့က ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးကို ဥပဒေနဲ့အညီ တားမြစ်ရခြင်းဖြစ်ပါတယ်။ ၂၉ ရက်၊ ၁၁ လ၊ ၂၀၁၂ နှစ်ပတ်လည်နေ့ဆိုတာကို အကြောင်းပြပြီးတော့ ပြဿနာတရပ်ကို ဖန်တီးလို့တဲ့ ရည်ရွယ်ချက်နဲ့ လှုပ်ရှားတာဖြစ်တဲ့အတွက် တားဆီးခြင်း ဖြစ်ပါတယ်။”

ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် ဒေသခံတွေက ဥပဒေကို လေးစားလိုက်နာပြီး နားလည်ဖို့ လိုတယ်။ သူတို့ နစ်နာတယ်လို့ ယူဆထားတဲ့ ခံစားချက်တွေ ဆုံးရှုံးမှုတွေ နစ်နာမှုတွေကို ဥပဒေဘောင်အတွင်းကနေပြီးတော့ တရားဝင် တင်ပြတောင်းဆိုသင့်တယ်။ တောင်းဆိုဖို့ အခွင့်အလမ်းတွေလည်း သူတို့ဆီမှာ ရှိပြီးသားဖြစ်တယ်လို့ ဒုရဲမှူးကြီး တင်ထွန်းက ဆက်လက်ပြောဆိုပါတယ်။

ပိတ်ဆို့ ဟန့်တားရခြင်း အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက “ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ စိန်ဖူးတော် တင်တယ်ဆိုတာ စိန်ဖူးတော် တခုတည်း တင်လို့မရဘူးခင်ဗျ။ နောက် တန်ခိုးကြီး ဘုရားတွေမှာ ရင်ငွေ့ခိုလှုံ၊ ဆရာတော်သံဃာတော်တွေရဲ့ ဦးဆောင် ဩ၀ါဒခံယူမှုနဲ့ အဲဒီလိုမျိုးတင်ရတာပါခင်ဗျ။ ထီးတော်တွေရော ဘာတွေကော တင်ရတာ။ လူကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ အဆင့်ဆင့်လုပ်သင့်တယ်လို့” လို့ ပြောပါတယ်။

အာဏာပိုင်တွေကို အသိပေးအကြောင်းကြားစာ ပို့ခဲ့ကြောင်းကို လယ်တီစေတီ စိန်ဖူးတော် တင်ရာမှာ ဦးဆောင်ဆရာတော် ဦးဝဏ္ဏသိဒ္ဓိ က ပြောပါတယ်။

“အာဏာပိုင်အဖွဲ့အစည်းကို ဦးဇင်းတို့ အသိပေး အကြောင်းကြားစာပို့ထားတာကို မနေ့ကပဲ အကြောင်းပြန်စာ ရောက်လာတယ်။ သံသရာ အကျိုးကို မျှော်ကိုးပြီး အမှားအယွင်းမရှိအောင် စဉ်းစားချင့်ချိန်ပြီးတော့ လုပ်ပါဆိုတဲ့ စာရောက်လာတယ်။ ဦးဇင်းတို့က အမှားအယွင်းမရှိအောင်လည်း ဒေသခံ ရွာသူရွာသားများနဲ့တကွ ဦးဇင်းတို့ သံဃာတွေ ဦးဆောင်ပြီးတော့ သံသရာအကျိုးကို မျှော်ကိုးပြီးတော့ တင်လှူ ပူဇော်တာဖြစ်ပါတယ်။”

တားမြစ်ခံရမှုကြောင့် လယ်တီစေတီတော် စိန်ဖူးတော်ကို ဆန္ဒပြ သပိတ်စခန်းဖွင့်ထားတဲ့ အင်ကြင်းတောင်ပေါ်မှာ စံပယ်နိုင်ရန် ပင့်ဆောင်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013