DVB Logo
Home
Lead Story
တရုတ် Sinovac ကိုဗစ်ဆေး ၂ ကြိမ်ထိုးပြီးပါက ၉၁ ရာခိုင်နှုန်းထိရောက်မှုရှိဟု ထိုင်းပြော
DVB
·
June 29, 2021
တရုတ် Sinovac ကိုဗစ်ဆေး ၂ ကြိမ်ထိုးပြီးပါက ၉၁ ရာခိုင်နှုန်းထိရောက်မှုရှိဟု ထိုင်းပြော
Donate to DVB

တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac ကို ၂ ကြိမ် ထိုးနှံပြီးပါက ယူကေ အယ်လ်ဖာ မျိုးဗီဇကွဲ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှုက ကာကွယ်ရာမှာ ၇၁ ရာ ခိုင်နှုန်းကနေ ၉၁ ရာခိုင်နှုန်းထိ ထိရောက်မှုရှိတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ခုလိုတွေ့ရှိမှုဟာ ထိုင်းနိုင်ငံ အမျိုးသားအဆင့် ကူးစက်စေတတ်သော ရောဂါဆိုင် ရာကော်မတီနဲ့ အမျိုးသားကာကွယ်ဆေးထိုးနှံရေးကော်မတီတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ရာက ရရှိလာတဲ့ ရလဒ်ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းရေးမှူး ကီထီဖုန်းဝေါင်ဂရာဂျစ်က ပြောပါတယ်။

လေ့လာမှုစစ်တမ်းကိုတော့ ထိုင်းနိုင်ငံတဝှမ်း ရောဂါကူးစက်မှုမြင့်မားတဲ့ နေရာတွေဖြစ်တဲ့ ဖူးခက်၊ ဆမွတ်ဆာခွန်၊  ချင်းရိုင်စတဲ့ ဒေသတွေမှာ စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖူးခက်မှာ ၉၀ ဒသမ ၇ ရာခိုင်နှုန်း၊ ဆမွတ်ဆာခွန်မှာ ၉၀ ဒသမ ၅ ရာ ခိုင်နှုန်းနဲ့ ချင်းရိုင်မှာ ၈၂ ဒသမ ၈ ရာခိုင်နှုန်း ရောဂါကာကွယ်နိုင်စွမ်း ထိရောက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးသူတွေထဲက တဦးတယောက်မှ သေဆုံးခဲ့တာမျိုး မရှိသေးဘူးလို့လည်း စစ်တမ်းက ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ သုတေသနစစ်တမ်းတွေမှာလည်း ဒီကာကွယ်ဆေးဟာ ၉၅ ရာ ခိုင်နှုန်းအထိ ထိရောက်မှုရှိကြောင်း ဖော်ပြထားခဲ့ပါတယ်။

ထိုင်းအစိုးရကတော့ လာမယ့်လအတွင်းမှာလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းလောက် ထိုးနှံပေးသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။   

လတ်တလောအချိန်မှာတော့ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေပြီး ရောဂါကူးစက်ခံရသူပေါင်း ၂ သိန်းခွဲကျော်နဲ့ သေဆုံးသူပေါင်း ၁,၉၇၀ ထိ ရှိနေခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013