DVB Logo
Home
မြန်မာသတင်း
စစ်တက္ကသိုလ်စက်ပစ်ကွင်းတွင် အရပ်ဝတ်ပြည်သူများ စစ်ကောင်စီက သေနတ်ပစ်လေ့ကျင့်ပေး
DVB
·
June 27, 2021
စစ်တက္ကသိုလ်စက်ပစ်ကွင်းတွင် အရပ်ဝတ်ပြည်သူများ စစ်ကောင်စီက သေနတ်ပစ်လေ့ကျင့်ပေး
Donate to DVB

စစ်တက္ကသိုလ် စက်ပစ်ကွင်းထဲကို အရပ်ဝတ်နဲ့ ပြည်သူ ၅၀ နီးပါး ဇွန်လ ၂၆ ရက်န့က ကားတွေနဲ့လာပြီး သေနတ်ပစ်လေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ စစ်တက္ကသိုလ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းထံကနေ သိရပါတယ်။ 

မန္တလေးတိုင်း ပြင်ဦးလွင်မှာ စစ်တက္ကသိုလ် DSA စက်ပစ်ကွင်းနဲ့ တပ်မတော်နည်းပညာတက္ကသိုလ် DSTA  စက်ပစ်ကွင်း ၂ ခုရှိပြီး စစ်တက္ကသိုလ်တက်ရောက်နေတဲ့ ဗိုလ်လောင်းတွေပဲ လေ့ကျင့်တဲ့နေရာ ဖြစ်ပါတယ်။ 

အခုအရပ်သားတွေ လာရောက် လေ့ကျင့်နေတဲ့ စက်ပစ်ကွင်းက တပ်မတော်နည်းပညာတက္ကသိုလ် DSTA  စက်ပစ်ကွင်း ဖြစ်ပါတယ်။ 

အဲဒီစက်ပစ်ကွင်းကို တစ်ခါတစ်ရံ အာဆီယံ သေနတ်ပစ် ပြိုင်ပွဲဝင်တဲ့သူတွေ လာရောက်လေ့ကျင့်လေ့ရှိပေမယ့် အရပ်သားပြည်သူတွေ ဝင်ရောက်လေ့ကျင့်ခွင့်ပြုတဲ့နေရာတွေ မဟုတ်ဘူးလို့ အဲဒီကျောင်းဆင်းတပ်မတော်အရာရှိတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

ပြင်ဦးလွင်ဒေသခံတွေကတော့ အခုလို စစ်တက္ကသိုလ်ထဲက စက်ပစ်ကွင်းတွေမှာ သေနတ်ပစ်လေ့ကျင့်ပေးနေတာက တပ်ထောက်ခံတဲ့သူတွေ စစ်မှုထမ်းဟောင်းတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို သေနတ်ပေးကိုင်ဖို့အတွက် စစ်ကောင်စီက လေ့ကျင့်ပေးနေတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013