DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း CDM သမဝါယမဝန်ထမ်း​များကို ​ကိုဗစ်​ချေး​ငွေ ၂ လစာ ပြန်​ဆပ်ရန် ဖိအား​ပေး
DVB
·
June 27, 2021
စစ်ကိုင်းတိုင်း CDM သမဝါယမဝန်ထမ်း​များကို ​ကိုဗစ်​ချေး​ငွေ ၂ လစာ ပြန်​ဆပ်ရန် ဖိအား​ပေး
Donate to DVB

အာဏာဖီဆန်ရေး (CDM) လုပ်​ဆောင်​နေတဲ့ စစ်ကိုင်းတိုင်း​ စိုက်ပျိုး​ရေး၊ ​မွေးမြူ​ရေးနှင့် ဆည်​မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာနက ဝန်ထမ်း​​တွေအား ​ယခင်အစိုးရလက်ထက်က ထုတ်​ချေး​ပေးထားတဲ့ ကိုဗစ်​ချေး​ငွေ ၂ လစာကို အာဏာသိမ်းစစ်​​ကောင်စီက ပြန်လည်​ပေးဆပ်ဖို့ ဖိအား​ပေးနေတယ်လို့ အလုပ်မှထုတ်ပယ်ခံရတဲ့ ဝန်ထမ်းတစ်ဦးက ​ပြောပါတယ်။ 

ကိုဗစ်ချေး​ငွေ ၂ လစာကို ​ပြန်လည်ပေးဆပ်ဖို့ မလို​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) က ​ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

အလုပ်တာဝန်ပျက်ကွက်တယ်ဆိုတဲ့ အ​ကြောင်းပြချက်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သမဝါယမဌာနမှ မြို့နယ်ဦးစီးမှူး​တွေအပါအဝင် ဝန်ထမ်းဦး​ရေ ၈၀ ကို ​မေလ ၂၄ ရက်က​ ဒုတိယညွှန်ကြား​ရေးမှူး အိဖြူဖြူထွန်း လက်မှတ်နဲ့ ထုတ်ပယ်ထားတာပါ။

အဆိုပါအမိန့်ကို ​မကျေနပ်ပါက ထုတ်ပြန်တဲ့​နေ့ကစပြီး ၆ လအတွင်း အထက်အဆင့်ဆင့်ကို အယူခံခွင့်ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013