DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး အန်အယ်လ်ဒီကမ်းလှမ်းချက် စဉ်းစားမည်ဟု သမ္မတပြောခွင့်ရ တုံ့ပြန်
DVB
·
November 28, 2013
ဖွဲ့စည်းပုံပြင်ရေး အန်အယ်လ်ဒီကမ်းလှမ်းချက် စဉ်းစားမည်ဟု သမ္မတပြောခွင့်ရ တုံ့ပြန်
Donate to DVB

ဖွဲ့စည်းပုံပြင်ဆင်ရေး အဆင်ပြေချောမွေ့စေဖို့ သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံစာကို လွှတ်တော်ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီ အစီရင်ခံစာထွက်ချိန်ထိ စောင့်ဆိုင်းပြီး စဉ်းစားလုပ်ဆောင်သင့် တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ  တုံ့ပြန်ပြောကြားလိုက်ပါတယ်။

[caption id="attachment_26537" align="alignleft" width="300"]ဦးရဲထွဋ် ဦးရဲထွဋ်[/caption]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မထံပေးပို့ထားတဲ့ စာနဲ့ ပတ်သက်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဦးရဲထွဋ်က အခုလို တုံ့ပြန်ပြောကြား လိုက်တာဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စက နိုင်ငံသားအားလုံးအတွက် အရေးကြီးတဲ့ကိစ္စလို့ မြင်ပါတယ်။ နောက်တခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းသာမက တရားဝင်ဖွဲ့စည်းထားတဲ့ ပါတီ ၅၈ ခုနဲ့သက်ဆိုင်တဲ့ ကိစ္စလည်းဖြစ်တယ်။ အားလုံးပါဝင်ဆွေးနွေးရမယ့် ကိစ္စဖြစ်တယ်လို့ မြင်ပါတယ်။ သို့သော် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီက လုပ်ငန်းတွေ စတင်နေပြီး ဒီဇင်ဘာလမှာ အစီရင်ခံစာကို တင်သွင်းမယ်လို့ သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ဒီအစီရင်ခံစာ မပေါ်ခင် တခြားနည်းလမ်းတွေနဲ့ တွေ့ဆုံမှုတွေ လုပ်လိုက်မယ်ဆိုရင် ကော်မတီရဲ့ လုပ်ငန်းတွေနဲ့ ကွဲလွဲသွားနိုင်တယ်။ ကော်မတီရဲ့ တွေ့ရှိချက်တွေနဲ့ ကွဲလွဲသွားနိုင်တယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ အခန်းကဏ္ဍကို အလေးမထားရာ ဖြစ်မှာစိုးလို့ သမ္မတကြီးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒီလိုမျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့သာမက တခြားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စတွေကို အစီရင်ခံစာ ပေါ်ထွက်လာပြီးတဲ့အထိ စောင့်ဆိုင်းပြီးမှ စဉ်းစားဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။”

အဖွဲ့ချုပ်ကတော့  သမ္မတဆီက  သူတို့ဆီ တရားဝင် အကြောင်းပြန်စာ ပေးပို့တာ မရှိသေးကြောင်းနဲ့ သမ္မတပြောခွင့်ရသူရဲ့ တုံ့ပြန်ပြောကြားချက်ဟာ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလို့ အန်အယ်လ်ဒီပါတီရဲ့ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက  မှတ်ချက်ပေးပါတယ်။

“ကျနော်တို့က အဲဒီလို တွေ့ဆုံဖို့ကိစ္စ ဖြစ်နိုင်တယ်၊ ဖြစ်သင့်တယ်လို့ ယူဆပြီး စာပို့တာပါ။ အခုနက အဖြေက မလုံလောက်သေးဘူးလို့ ထင်ပါတယ်။ ဒီကော်မတီရှိတာ ကျနော်တို့လည်း သိပါတယ်။ သို့သော် လိုအပ်ချက်က နိုင်ငံရေးလိုအပ်ချက်၊ ဥပဒေ လိုအပ်ချက်မဟုတ်ဘူး။ ဥပဒေလိုအပ်ချက် ဘာလဲဆိုတာ ကျနော်တို့လည်း သိပါတယ်။ ဥပဒေလိုအပ်ချက်ပဲ ပြောရင်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။”

နိုဝင်ဘာ ၂၃ ရက်က ကျင်းပခဲ့တဲ့ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကနေ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ၊ လွှတ်တော်နဲ့ တပ်မတော်တို့ တွေ့ဆုံပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး အဆင်ပြေချောမွေ့စေဖို့ ဆွေးနွေးကြဖို့နဲ့ ဒီလိုဆွေးနွေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သမ္မတထံ မေတ္တာရပ်ခံစာ ပေးပို့ပါလို့ ဆုံဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013