DVB Logo
Home
Lead Story
သီရိလင်္ကာ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းရုပ်ရှင် မလေးရှား ပိတ်ပင်
DVB
·
November 28, 2013
သီရိလင်္ကာ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းရုပ်ရှင် မလေးရှား ပိတ်ပင်
Donate to DVB

သီရိလင်္ကာစစ်တပ်က နေရာအများအပြားမှာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုတွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကို ဆင်ဆာအဖွဲ့ရဲ့ထောက်ခံ သဘောတူညီမှု မရှိဘဲ လူထုကို ပြသခွင့် မလေးရှားက ပိတ်ပင်လိုက်ပါတယ်။

“ပစ်ခတ်ဇုန် မဟုတ်” လို့ ခေါ်တဲ့ ကားဟာ အနှစ် ၃၀ ကြာ ပြည်တွင်းစစ်ရဲ့ နောက်ဆုံးပိုင်း ကာလအဆင့်တွေကို မှတ်တမ်းတင်ထားတဲ့ သီရိလင်္ကာရဲ့ သတ်ကွင်း (Killing fields) ပဲ ဖြစ်ပါတယ်။

no-fire-zone-post_1382438109မလေးရှားမှာ ရှိတဲ့  အိန္ဒိယလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ တမီးလ်အိန္ဒိယတွေ ဖြစ်ပြီး သီရိလင်္ကာအစိုးရရဲ့ တမီးလ်တွေအပေါ် ပြုမူ ဆက်ဆံမှုကို သူတို့က ခံစားမှု ပြင်းထန်ခဲ့ကြပါတယ်။

ဖိုင်ဇယ်မိုတာကတော့ တချို့ အုပ်စုငယ်လေးတွေဟာ ပိတ်ပင်တားဆီးမှု ရှိပေမယ့် ဖိတ်ခေါ်မှုတွေကနေ ပုဂ္ဂလိကတွေကို ဆက်လက်ပြသနေကြပါတယ်။

အရေအတွက်အရ နည်းပေမယ့် သူတို့က သူတို့ရဲ့ အသံကို ကြားရစေဖို့ ဆုံးဖြတ်ချက် အခိုင်အမာ ချထား ကြပါတယ်။

ကွာလာလမ်ပူက အိန္ဒိယခရိုင်တခုမှာ ကျောင်းသား ၄ ယောက်က လမ်းပေါ်ထွက်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

သူတို့က သီရိလင်္ကာမှာ ကျင်းပတဲ့ ဓနသဟာရနိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို မလေးရှားဝန်ကြီးချုပ် တက်ရောက်ခဲ့တာကို ဒေါသထွက်နေကြပါတယ်။

ကန့်ကွက်ဆန္ဒပြပွဲရဲ့ တွဲဖက်ဆောင်ရွက်သူ အာမဟာက  “ကျနော်တို့ ၀န်ကြီးချုပ် နာဂျစ် သီရိလင်္ကာကို သွားတာကို ကျနော်တို့ တော်တော် စိတ်ပျက်ပါတယ်။ အိန္ဒိယတွေအားလုံး အဲဒီမှာ ရှိနေတာကို ကျနော်တို့ သိပါတယ်။ ဒီမှာရှိတဲ့ တမီးလ်တွေ အားလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ နိုင်ငံတခုကို ကူညီ အားပေးနေတဲ့အတွက် သူကို စိတ်ပျက်နေကြပါတယ်။ အဲဒီနိုင်ငံက စစ်ရာဇ၀တ်မှုတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ နိုင်ငံလေဗျာ” လို့ ပြောပါတယ်။

အဲဒါဟာပဲ မလေးရှားအစိုးရအတွက်လည်း သတိထား ကိုင်တွယ်နေရတဲ့ အရာတခု ဖြစ် ပါတယ်။

ဒီ မှတ်တမ်းတင်ကားဖြစ်တဲ့ “ပစ်ခတ်ဇုန် မဟုတ်” သီရိလင်္ကာရဲ့ သတ်ကွင်း (Killing fields) ကို မလေးရှားမှာ ပြသခဲ့ပြီးဖြစ်ပေမယ့် အစိုးရက ကြားဝင် ပိတ်ပင်ခဲ့ပါတယ်။ ဒီ မှတ်တမ်းတင် ဇာတ်ကားကို ကယ်လမ်းမက်ခရေးက နှစ် ၃၀ ပြည်တွင်းစစ်ရဲ့ နိဂုံးအဖြစ် မှတ်တမ်း တင်ထားခဲ့တာပါ။

ရုပ်ရှင်ဖန်တည်းသူ ကယ်လမ်းမက်ခရေးက “အဲဒီမှာ နောက်ဆုံး တိုက်ခိုက်မှုကို တင်ပြထားပြီး အဲဒီကာလမှာ သီရိလင်္ကာအစိုးရက သူတို့က အပစ်အခတ်ဇုန် မဟုတ်လို့ ခေါ်တဲ့ဟာကို ကြေညာထားခဲ့တဲ့ ကာလထဲက အကြောင်းတွေပါ။ အတိအကျအားဖြင့် အဲဒီ အပစ်အခတ်ဇုန် မဟုတ်ဆိုတဲ့ အထဲကို ရာထောင်ချီတဲ့ လူတွေကို မောင်းသွင်းပြီး သူတို့ကို စနစ်တကျ လက်နက်ကြီးနဲ့ ပစ်ခတ် ဗုံးကြဲ ပစ်ခဲ့တာပါဗျာ။ သူတို့က အဲဒီလူတွေကို  အစားအစာနဲ့ ဆေးဝါးတွေလည်း မပေးခဲ့ပါဘူး။ အဲဒီလိုလုပ်တာကိုက အပြည်ပြည်ဆိုင်ရာဥပဒေအရ ရာဇ၀တ်မှုပဲ” လို့ ပြောပါတယ်။

သီရိလင်္ကာအစိုးရကတော့ ရုပ်ရှင်ကားထဲမှာ ပြထားတဲ့ စွပ်စွဲချက်တွေကို ဆက်ပြီး ငြင်းဆိုနေတုန်းပါပဲ။

ဒါပေမယ့် မကြာသေးခင်ကပဲ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မှတ်တမ်းတင် ရုပ် ရှင်ကားကို ကြည့်အပြီးမှာ အဲဒီမှာ တကယ်ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးမှု တခုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ရုပ်ရှင်ဖန်တီးသူ ကယ်လမ်းမက်ခရေးကတော့ အဖြစ်အပျက် အတော်များများကတော့ လူမသိသူမသိ ဖြစ်နေဆဲပဲလို့ ပြောပါတယ်။

“ခန့်မှန်းခြေ လူတွေ ဘယ်လောက်သေခဲ့သလဲ တိတိကျကျကို  ကျနော်တို့ ခုထိ မသိသေးပါဘူး။ ဒါပေမယ့် ခန့်မှန်းခြေကတော့ ကုလသမဂ္ဂ အစီရင်ခံစာတခုရဲ့ ပြဆိုချက်အရ ၄ သောင်းလောက် ရှိပြီး ပိုပြီး နောက်ပိုင်းကျတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာ တစောင်ကတော့ သေဆုံးသူ ဦးရေဟာ ၇ သောင်း လောက် ရှိနိုင်ပြီး ဒီထက်တောင် ပိုများနိုင်တယ်လို့ ဆိုထားပါတယ်။”

ဇူလိုင်လထဲမှာ ရုပ်ရှင်လာကြည့်ခဲ့ကြတဲ့ မလေးရှားတွေကတော့ တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့
စိတ်အနှောင့်အယှက်ပေးတာကို ခံခဲ့ကြရပါတယ်။

သူတို့ကို မှတ်ပုံတင်တွေ စစ်ဆေးခဲ့ပြီး အဲဒီထဲမှာ ပြသမှုကို မှတ်တမ်းတင် ဖော်ပြခဲ့တဲ့ သတင်းသမား တယောက်တောင်ပါပါသေးတယ်။

အဲဒီ ရုပ်ရှင်ပွဲ ဖြစ်မြောက်ရေး စည်းရုံးလှုပ်ရှားပေးခဲ့တဲ့သူတွေကိုလည်း ပုလိပ်က ခေါ်ယူ
မေးမြန်းခဲ့ပါတယ်။

ရုပ်ရှင်ကို ပြသခဲ့တဲ့ အန်ဂျီအိုရဲ့ တွဲဖက်ဆောင်ရွက်သူ လီနာဟင်ဒရီကို ရုပ်ရှင် ဆင်ဆာ ဥပဒေအရ တရားစွဲဆို ခံခဲ့ရပါတယ်။ သူဟာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရရင် အများဆုံး ထောင်ဒဏ် ၃ နှစ် ကျခံရနိုင်ပါတယ်။

သူ့ရဲ့ ရှေ့နေ အင်ဒရူးခူးက “ဒါဟာ အစိုးရရဲ့ နောက်ထပ် လူ့အခွင့်အရေးကာကွယ်သူတွေကို အနှောက်အယှက် ပေးတဲ့ နမူနာတခုပေါ့ဗျာ။ ဒါက သီရိလင်္ကာမှာ ဖြစ်ခဲ့တဲ့ အခြေအနေတခုပါ မလေးရှားမှာ ဖြစ်ခဲ့တဲ့ အခြေအနေကို မှတ်တမ်းတင်ထားတာ မဟုတ်ပါဘူး။ အဲဒါက သီရိလင်္ကာက တမီးလ် လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ရက်စက်မှုတွေပါ။ ဖြစ်နေတာတွေကို သိတာဟာ ဘာများ မှားယွင်းလို့လဲဗျာ” လို့ ပြောပါတယ်။

အဲဒီကတည်းက ဒုတိယအကြိမ် ရုပ်ရှင်ပြသမှုကို လွတ်လပ်ရေးရှေ့နေများဆိုတဲ့ လူ့အခွင့်အရေးနဲ့ ဥပဒေ ပြုပြင်ပြောင်းလဲရေး ဦးဆောင်လှုပ်ရှားမှုအဖွဲ့က အဲဒီ ပြသမှု  ရည်ရွယ်ချက်ကို သူတို့ ထောက်ခံကြောင်း ပြသဖို့ အစီအစဉ် လုပ်ပေးခဲ့ပါတယ်။

ရုပ်ရှင်ပြပွဲကို တက်ရောက်လာတဲ့ အတိုက်အခံ ပြည်သူ့ တရားမျှတမှုပါတီက ဒုတိယဥက္ကဋ္ဌ ဆီဝရဆရာဆီရာက “လွတ်လပ်မှုကို ချစ်မြတ်နိုးတဲ့ မလေးရှန်းတွေအနေနဲ့ မလေးရှားက လူ့အခွင့်အရေး ကာကွယ်သူတွေဟာ အဲဒါကို သဘောတူလိမ့်မယ် မဟုတ်ဘူး ဆိုတာနဲ့ သီရိလင်္ကာ အဆင့်မြင့်ကော်မရှင်က ရုပ်ရှင်ကို ပြသလိုစိတ် မရှိတာကြောင့်တော့ ရုပ်ရှင် ပြသမှုကို ရပ်ဆိုင်းပစ်လိမ့်မယ် မဟုတ်ဘူးဆိုတာ ပြသဖို့ပါ” လို့ ပြောပါတယ်။

ရုပ်ရှင်ဖန်တီးသူ ကယ်လမ်းမက်ခရေးကတော့ ဒီရုပ်ရှင်ကို အာရုံကျလာမှုတွေက သီရိလင်္ကာအစိုးရကို စွပ်စွဲ ပြောဆိုတာတွေအပေါ် စုံစမ်းစစ်ဆေးမှုတခု လုပ်လာဖို့ ကုလသမဂ္ဂကို ဖိအားပေးနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

“ကျနော်က ကမ္ဘာပေါ်က စိတ်ကောင်းစေတနာ ရှိကြတဲ့ အစိုးရတွေက ဆုံးဖြတ်ချက်တခု ချဖို့ မဲခွဲရေး  စဉ်းစားလာဖို့နဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတခု လုပ်ဖို့ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေကို ကုလသမဂ္ဂက ခေါ်ယူပြီး ဆုံးဖြတ်ချက် ချပေးဖို့ အများကြီး မျှော်လင့်ပါတယ်။”

မလေးရှား အစိုးရကတော့ အဲဒီ မှတ်တမ်းတင်ရုပ်ရှင် ကားကို ပြည်သူလူထုကို ပြသဖို့ ဆင်ဆာဘုတ်အဖွဲ့ရဲ့ သဘောတူ ထောက်ခံမှု လိုလိမ့်မယ်လို့ ပြောပြီး ရုပ်ရှင်ပြသခွင့်ကို ပိတ်ပင် ထားလိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကတော့ သူက ဓနသဟာယနိုင်ငံ အစိုးရ  ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို သပိတ်မှောက်ခဲ့ရင် နိုင်ငံအကျိုး  ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

ဖိုင်ဇယ်မိုတာက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် မလေးရှားကီနီကနေ
သတင်းပေးပို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013