
ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ဇူလိုင် ၂၅ ရက်မှာ ယီမင်နိုင်ငံရှိ ပင်လယ်နီပြည်နယ် ဟိုဒီဒါမှာရှိတဲ့ ဟူသီတွေ ထိန်းချုပ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်အဖွဲ့ရဲ့ ပူးတွဲတပ်ဖွဲ့များ ကွပ်ကဲမှုဌာနက ကြေညာပါတယ်။
ပင်လယ်နီထဲက ကုန်သွယ်ရေးသင်္ဘောတွေကို ဟူသီတွေက တိုက်ခိုက်မှုလို့ သူပြောတဲ့ လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ စစ်ဆင်ရေးကို စခဲ့တာဖြစ်ပြီး ကမ္ဘာ့အရေးအကြီးဆုံး သင်္ဘောလမ်းကြောင်းတွေထဲက တခုမှာ ရေကြောင်းသွားလာမှုကို ဟူသီတွေက ခြိမ်းခြောက်နေတယ်လို့ ညွန့်ပေါင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တာခိအယ်လ် မာလိခိက စွပ်စွဲခဲ့ပါတယ်။
နောက်ဆုံးစစ်ဆင်ရေးက ဟိုဒေးဒါ ဆိပ်ကမ်းကို ပစ်မှတ်ထားတာ မဟုတ်ဘဲ ယီမင်ဆိပ်ကမ်းအားလုံးကို ဖွင့်လှစ်ထားပြီး လည်ပတ်နေဆဲလို့ သူက အလေးပေးပြောပါတယ်။
ဆော်ဒီရဲ့ တိုက်ခိုက်မှုတွေက ဟိုဒီဒါဆိပ်ကမ်းမှာရှိတဲ့ ဆက်သွယ်ရေး အဆောက်အအုံတွေနဲ့ ပင်လယ်နီထဲက ကာမာရန်ကျွန်းတို့ကို ပစ်မှတ်ထားခဲ့တယ်လို့ အယ်လ်မာစီရာ ရုပ်မြင်သံကြား သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် အဲဒီနေ့မှာပဲ ဆော်ဒီအာရေဗျတောင်ပိုင်းက နေရာ အများအပြား တိုက်ခိုက်ခံခဲ့ရတယ်လို့ ယီမင်နိုင်ငံအခြေစိုက် စာဘာသတင်းဌာနက ပြောပါတယ်။
အစိုးရပိုင်အေဂျင်စီက ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းထဲမှာ တိုက်ခိုက်မှုတွေအပြီး မီးခိုးတွေ ထူထူထပ်ထပ် ပေါ်လာတဲ့ နောက်ဆက်တွဲဖြစ်ရပ်ကို ပြထားပါတယ်။
ဆော်ဒီ အရပ်ဘက်ကာကွယ်ရေးအာဏာပိုင်တွေက စနေနေ့မှာ ယန်ဘူဆိပ်ကမ်းမြို့မှာနေတဲ့ ပြည်သူတွေအတွက် အန္တရာယ် သတိပေးချက် အမြောက်အမြားထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းမှာ ရုပ်သိမ်းခဲ့ပါတယ်။
ယီမင်နိုင်ငံထဲက ဟူသီအဖွဲ့က တနင်္လာနေ့မှာ ဆော်ဒီသင်္ဘောတွေကို ရေကြောင်းသွားလာခွင့် ပိတ်ပင်တယ်လို့ ကြေညာခဲ့ပြီး ဆော်ဒီဆိပ်ကမ်းတွေနဲ့ နိုင်ငံတကာသင်္ဘော ကုန်သွယ်မှုကိုလည်း ပစ်မှတ်ထားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ကြာသပတေးနေ့မှာ ဟူသီတွေက ပင်လယ်နီထဲက ဆော်ဒီရေနံတင်သင်္ဘော ၂ စင်းကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
Source: Reuters/CCTV











