DVB Logo
Home
မြန်မာသတင်း
မြန်မာသတင်းသမားများအပေါ် တိုက်ခိုက်ခြိမ်းခြောက်မှုများရပ်တန့်ရန် SEAJU တောင်းဆို
DVB
·
June 23, 2021
မြန်မာသတင်းသမားများအပေါ် တိုက်ခိုက်ခြိမ်းခြောက်မှုများရပ်တန့်ရန် SEAJU တောင်းဆို
Donate to DVB

စစ်ကောင်စီက မြန်မာသတင်းမီဒီယာတွေနဲ့ သတင်းသမားတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာ ရပ်တပ်ဖို့နဲ့ မြန်မာမီဒီယာ လုပ်ဖော်ကိုင်ဖက်များနဲ့အတူတကွ ပူးပေါင်းပါဝင်ကြောင်း အရှေ့တောင်အာရှသတင်းစာဆရာသမဂ္ဂ (SEAJU) ကွန်ရက် အဖွဲ့ဝင်တွေက တောင်းဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်ကစပြီး နိုင်ငံအတွင်းရှိ သတင်းမီဒီယာများနဲ့ သတင်းသမားတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေ ဆက်လုပ်နေတာကိုလည်း ရှုတ်ချလိုက်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အား ကန့်သတ်ချုပ်နှောင်ခြင်းကို ရပ်တန့်ဖို့နဲ့ မြန်မာသတင်းသမားတွေအပေါ် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ စစ်တပ်ကို  SEAJU နဲ့ အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ်အဖွဲ့ချုပ် (IFJ) တို့က အတူတကွ တောင်းဆိုလိုက်ပါတယ်။ 

ဇွန်လ ၁၇ ရက် အစည်းအဝေးမှာ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ အရှေ့တီမောမှ SEAJU ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဖေဖော်ဝါရီ ၁ ရက်ကစပြီး  မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် အလွန်ဆိုးဝါးစွာ ကျဆင်းနေမှုကို ဆွေးနွေးခဲ့ကြပါတယ်။ 

SEAJU ကွန်ရက်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်သောသတင်းမီဒီယာများကို အရေးကြီးတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအဖြစ် တညီတညွတ်တည်း ထောက်ခံခဲ့ပြီး မြန်မာစစ်တပ်ရဲ့ မီဒီယာအပေါ် ဆက်လက်တိုက်ခိုက်နေမှုတွေကို  ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ 

SEAJU က ပူးတွဲကြေညာချက်ထဲမှာ သတင်းစာနယ်ဇင်းသမားတွေအပေါ် တရားစွဲဆိုထားချက်အားလုံးကို ဖယ်ရှားပေးဖို့နဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က) ကို သုံးပြီး သတင်းပေးပို့တဲ့အလုပ်,လုပ်လို့ သတင်းထောက်တွေအား ထောင်ချတာကို ရပ်တန့်ပေးဖို့  မြန်မာစစ်ကောင်စီကို တောင်းဆိုထားပါတယ်။ 

ဒါ့အပြင် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှနဲ့ တရုတ်အစိုးရတို့ကိုလည်း သူတို့ရဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ဝတ္တရားများကို လေးစားဖို့နဲ့ ညှဿ်းပန်းနှိပ်စက်ခြင်းနဲ့ သေဆုံးနိုင်ခြင်းတို့ကနေ ထွက်ပြေးလာပြီး လုံခြုံရာခိုလှုံခွင့်တောင်းခံတဲ့ သတင်းထောက်တွေနဲ့ ပြည်သူတွေကို ခွင့်ပြုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ 

စစ်တပ်အနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို လေးစားဖို့နဲ့ ၀င်ရောက် စွက်ဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းမရှိဘဲ သတင်းအဖွဲ့အစည်းတွေကို သူတို့အလုပ်သူတို့ လုပ်ကိုင်ခွင့်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။ 

ကိုယ့်အလုပ်ကို ရိုးရိုးရှင်းရှင်း လုပ်နေတဲ့ မြန်မာသတင်းသမားတွေကို လက်နက်ကိုင်စစ်သားတွေနဲ့ ရဲတွေက လိုက်ဖမ်းနေကြပြီး ငွေကြေးပေးစည်းရုံးထားတဲ့ သတင်းပေးတွေက ဂျာနယ်လစ်တွေနဲ့သူတို့ရဲ့မိသားစုတွေကို အနှောင့်အယှက်ပေး ခြိမ်းခြောက်နေကြတယ်လို့ SEAJU က ‌ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု စတင်ကတည်းက လွတ်လပ်သောမီဒီယာအဖွဲ့အစည်းတွေဟာ စနစ်တကျဖယ်ရှားခံခဲ့ရပြီး အနည်းဆုံး သတင်းထောက် ၈၇ ယောက်အဖမ်းခံခဲ့ရကာ ၃ ဦး ထောင်ချခံခဲ့ရကြောင်းနဲ့ သတင်းမီဒီယာများစွာရဲ့ လိုင်စင်တွေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရုံးတွေကိုလည်း မတ်လ ၈ ရက်နေ့မှာ ၀င်ရောက်စီးနင်းခဲ့တယ်လို့ SEAJU က ပြောကြားခဲ့ပါတယ်။ 

စစ်အုပ်ချုပ်ရေးကောင်စီဟာ စာနယ်ဇင်းသမားတွေကို တရားမ၀င်ဖမ်းဆီးဖို့ ပုဒ်မ ၅၀၅ (က) ကို အသုံးပြုနေပြီး စစ်တပ်အား ဝေဖန်ပြောဆိုနေမှုတွေကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားတာကြောင့် သတင်းသမားတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ ငွေကြေးအထောက်အပံ့ မရှိရင် လုပ်ခလစာရဖို့ဆိုတာ ခက်ခဲပြီး သတင်းထောက်တွေအနေနဲ့ အဖမ်းဆီးခံရမှာနဲ့ အင်တာနက်နဲ့ ဖုန်းတွေ ပိတ်ဆို့ခံရမှာ စိုးရိမ်ရပေမယ့် ဆက်လက်သတင်းပေးပို့ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချနေရတယ်လို့ SEAJU က ဆိုပါတယ်။ 

လုပ်ခလစာ မရကြတော့တာကြောင့် အစားထိုးရရှိဖို့ခက်ခဲတဲ့ ကင်မရာတွေ၊ ဒရုန်းတွေ၊ ကွန်ပျူတာတွေကို ရောင်းချခဲ့ရတယ်လို့လဲ ဆိုပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013