DVB Logo
Home
မြန်မာသတင်း
ပေးဆပ်သူတွေအတွက် သမ္မတ ဖြစ်ချင်တယ်လို့ ဆစ်ဒနီရောက် ဒေါ်အောင်ဆန်းစုကြည်ထပ်မံပြောကြား
DVB
·
November 27, 2013
ပေးဆပ်သူတွေအတွက် သမ္မတ ဖြစ်ချင်တယ်လို့ ဆစ်ဒနီရောက် ဒေါ်အောင်ဆန်းစုကြည်ထပ်မံပြောကြား
Donate to DVB

ဩစတြေးလျနိုင်ငံကို ပထမဆုံး အကြိမ် အလည်အပတ်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် လိုအပ်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မူဝါဒတွေကိုအကောင်ထည်ဖော်လိုတဲ့ အတွက် သမ္မတ လုပ်လိုတယ်လို့ ပြောကြားလိုက်ပါတယ်။

13 copyဆစ်ဒနီ အော်ပရာဟော့စ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဩစတြေးလျရောက် မြန်မာအသိုင်းအ၀န်းက စည်တော်တီး ကြိုဆိုတဲ့ အသံတွေကို ကြားခဲ့ရတာပါ။

ဒီအခမ်းအနားမှာ ဆစ်ဒနီ တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တို့က ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ပေးအပ်ခဲ့ သလို  သူရဲ့ သမ္မတ ဖြစ်လိုတယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

သမ္မတဖြစ်ချင်တဲ့အကြောင်းကတော့ အရမ်းကို ရိုးရှင်းပါတယ်။ သမတဖြစ်မှ ကျမတို့ရဲ့ပါတီအနေနဲ့ တိုင်းပြည်အတွက် လိုအပ်မယ်လို့ထင်တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် မြန်မာရဲ့ ဒီမိုကရေစီရေး အတွက်   အသက်နဲ့ဘ၀တွေအပါအ၀င် အရာအားလုံးကို ပေးဆပ်ခဲ့တဲ့သူတွေ အတွက်လည်း သမ္မတ ဖြစ်ချင် တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောသွား တာပါ။

သူ့ကို သမ္မတမဖြစ်အောင် ပိတ်ပင်တားဆီးထားတဲ့ အခြေခံ  ဥပဒေကို ကန့်ကွက်ကြောင်းနဲ့ ဘယ်အခြေခံဥပဒေကမှ လူတဦးတစ်ယောက်ထဲကိုရည်၇ွယ်ပြီး မရေးဆွဲသင့်ကြောင်းပြောကြား သွားပါတယ်။

တခါ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နေနဲ့  ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရာမှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး စတဲ့ အချက် ၃ ခု မူဝါဒလမ်းစဉ်ပေါ်မှာ မူတည်ပြီး  မူတည်ပြီးတော့ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတဲ့အကြောင်း  လက်ရှိ အခြေခံ ဥပဒေဟာ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ တိုင်းပြည်မဖြစ်အောင် တားမြစ်ထားသလို အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ကာကွယ်ရေး ဦးစီးချုပ်ကသာ ဆုံးဖြတ်နိုင်တယ်လို့ လည်း ပြောကြားသွားပါတယ်။

အခြေခံ ဥပဒေကို  ပြင်ဆင်ဖို့ အတွက် ရွေးချယ်မခံထားရတဲ့ လူတဦးတယောက်ရဲ့ ဆန္ဒနဲ့ ထိန်းချုပ်ထားတဲ့အတွက် အခြေခံ ဥပဒေက ဒီမိုကရေစီကျတယ်လို့ ဘယ်လို ပြောနိုင်မှာလဲလို့လည်း  ဖွဲ့စည်းပုံပြင်ဆင်နိုင်ဖို့  လွှတ်တော်ထဲမှာ ရွေးချယ်ခံစရာမလိုဘဲ ရောက်နေတဲ့ စစ်တပ်ကိုယ်စားလှယ် အနည်းတဦးရဲ့ ထောက်ခံမှုလိုအပ်နေတာကို ရည်ညွန်းပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကျမရဲ့ပြည်သူတွေကို  ငြိမ်ဝပ်ပိပြားမနေစေချင်သလို တရားဥပဒေစိုးမိုးမှုဆိုတဲ့ လုံခြုံမှု အောက်မှာ ဦးမော့နေ စေချင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ  ဒီဇင်ဘာလ ၁ ရက်နေ့ မဲလ်ဘုန်းမြို့မှာ ကျင်းပမယ့်  ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် အခမ်းအနားမှာ တက်ရောက်မိန့်ခွန်းပြောဖို့ရှိပြီး  ဩစတေးလျမှာ ကျင်းပဖို့ရှိတဲ့ အကြိမ် ၂၀ မြောက် နိုင်ငံတကာ  အေအိုင်ဒီအက်စ် ညီလာခံ ၂၀၁၄ ကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာမှာ ဖြစ်တဲ့အကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013