DVB Logo
Home
မြန်မာသတင်း
Idiots အဖွဲ့မှ အဆိုတော် ရေမွန် ကွယ်လွန်
DVB
·
June 23, 2021
Idiots အဖွဲ့မှ အဆိုတော် ရေမွန် ကွယ်လွန်
Donate to DVB

ပရိသတ် အချစ်တော် လူငယ်တေးသံရှင်တယောက်ဖြစ်တဲ့ Idiots အဖွဲ့က ရေမွန်ဟာ ငှက်ဖျားရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

Idiots အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ ခုလိုရေးသားပြီး ပရိသတ် တွေကို အသိပေးထားခဲ့တာကို တွေ့ရပါတယ်။

       “မျှော်လင့်မထားတဲ့ သတင်းဆိုးတစ်ခုကို ကျွန်တော်တို့ကြုံလိုက်ရပီဗျာ။ ကျွန်တော်တို့ရဲ့ Raymond ဘဝတစ်ပါးသို့ကူးပြောင်းသွားပါပြီ။ စိတ်ထားကောင်းတဲ့ Raymond... ကောင်းမွန်တဲ့ဘုံဘဝရောက်မှာပါ သူငယ်ချင်း” 

အသက် ၃၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရေမွန်ဟာ အဆိုတော် ခင်မြတ်မွန်ရဲ့ ရင်သွေး၊ အဆိုတော် လပြည့်ကဗျာရဲ့ အစ်ကိုတော်စပ်ပြီး လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်တဲ့ တေးရေး၊ တေးဆိုတယောက်အဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။

ရေမွန်ဟာ ငှက်ဖျားရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ ကနဦးသိထားရပြီး လက်ရှိမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် အနုပညာရှင်တွေကရော၊ ပရိသတ်တွေကပါ ဝမ်းနည်း စိတ်မကောင်း ဖြစ်ကြကြောင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေးသားမျှဝေနေကြပါတယ်။

ဓာတ်ပုံ- Idiots

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013