DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပါ ၃ ဦးအမှု တရားလိုသက်သေကို လက်ခံရန် သင့် မသင့် အမိန့်ချမည်
DVB
·
June 22, 2021
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပါ ၃ ဦးအမှု တရားလိုသက်သေကို လက်ခံရန် သင့် မသင့် အမိန့်ချမည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အပေါ် စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(ခ)နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တင်သွင်းထားတဲ့သက်သေတွေကို လက်ခံဖို့သင့်မသင့် တရားရုံးက လာမယ့် ဇွန်လ ၂၉ ရက်နေ့ရုံးချိန်းမှာ ကြားဖြတ်အမိန့်ချဖို့ ရှိနေပါတယ်။

ဒီနေ့ ဇွန်လ ၂၂ ရက်နေ့က ဇမ္ဗူသီရိတရားရုံးမှာပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာ စစ်ကောင်စီက တင်သွင်းတဲ့ စာရွက်စာတမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံသက်သေတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက်တင်ခဲ့ပါတယ်။

လျှောက်လဲချက်တွေကို တရားသူကြီးက သုံးသပ်ပြီး လာမယ့်ရုံးချိန်းမှာ တရားလိုသက်သေတွေ ကိုလက်သင့်ခံမခံ ဆုံးဖြတ်မှာဖြစ်တယ်လို့  နိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေ ဦးသဲမောင်မောင်က ပြောပါတယ်။

"တစ်ဖက်က တင်သွင်းတာကို ဒီဘက်က ကန့်ကွက်တယ်။ လက်ခံသင့်မခံသင့်ပေါ့။ ဘာကြောင့်ကန့်ကွက်ရတယ်ဆိုတာကိုတော့ အသေးစိတ်ပြောလို့မရသေးပါဘူး။ တရား လိုစစ်နေရင်းနဲ့ စာရွက်စာတမ်းတစ်ခု သက်သေခံအဖြစ်တင်ပြတယ်။ ဒါကို တစ်ဘက်က ကန့်ကွက်တယ်။ အဲဒီအပေါ်မှာ လျှောက်လဲချက်ပေးတယ်။ တရားသူကြီးကအမိန့်ချမယ်" ရှေ့နေဦးသဲမောင်မောင်က ပြောပါတယ်။

ဒီနေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မအတွက် တရားလိုပြသက်သေအဖြစ် ဦးညီညီ(ခ) ဦးမြင့်အောင်ကို တရားရုံးက စစ်ဆေးခဲ့ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်က တရားလိုပြသက်သေရဲ့ထွက်ဆိုချက်တိုင်းကို သေသေချာချာနားထောင်ခဲ့ပြီး မဟုတ်မှန်တာ လွဲနေတာတွေကို ထောက်ပြခဲ့တယ်လို့ဆိုပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့တရာစွဲခဲ့တာပါ။

ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ထားပါတယ်။ ဇွန်လ ၂၁ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စွဲထားတဲ့ အမှုလေးခုအတွက် တရားလိုပြသက်သေတွေကိုစတင်စစ်ဆေးခဲ့ပါတယ်။

နောက်ထပ်ရုံးချိန်းတွေကတော့ မှုခင်းစီမံခန့်ခွဲရေးအစည်းအဝေးသဘောတူညီချက်အတိုင်း အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တွေမှာ ဆက်စစ်ဖို့  တရားရုံးကဆုံးဖြတ်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013