DVB Logo
Home
မြန်မာသတင်း
မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင် ရုရှားနိုင်ငံသို့ သွားရောက်
DVB
·
June 21, 2021
မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင် ရုရှားနိုင်ငံသို့ သွားရောက်
Donate to DVB

ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံကို လက်နက်ဝင်ရောက်မှုတွေ တားဆီးပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ချပြီးနောက် မြန်မာစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန်လ ၂၀ ရက်က ရုရှားနိုင်ငံကို သွားရောက်နေပါတယ်။ 

ရုရှား ကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ ကျင်းပမယ့်  (၉) ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ(MCIS-2021) တက်ရောက်ဖို့ မနေ့မနက်က နေပြည်တော်ကနေ ထွက်ခွာသွားတာလို့ စစ်ကောင်စီ မီဒီယာတွေက သတင်းထုတ်ထားပါတယ်။

စစ်ခါင်းဆောင်နဲ့အတူ စစ်ကောင်စီဝင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးတွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးသန်းအောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရုားနိုင်ငံစစ်သံမှူး Colonel Sergei Kurchenko နဲ့ မြန်မာ့တပ်မတော်မှ ထူးချွန်ဆုရအရာရှိတွေ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူတွေ လိုက်ပါသွားတယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (MCIS-2021)ကို တက်ရောက်မယ့်အပြင် စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ ရုရှားနိုင်ငံရှိ အထင်ကရနေရာတွေ၊ တက္ကသိုလ်တွေ စက်ရုံ၊ အလုပ်ရုံတွေကို လေ့လာဖို့အစီအစဉ်ရှိပါတယ်။

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်တဲ့ တပ်မတော်(ရေ) ကိုယ်စားလှယ် အဖွဲ့ကတော့ စိန့်ပီတာစဘက်မြို့မှာကျင်းပမယ့်  နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲ (International Maritime Defence Show IMDS) တက်ရောက်မယ်လို့ စစ်ကောင်စီသတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013