DVB Logo
Home
မြန်မာသတင်း
ဗီယက်နမ်နိုင်ငံကို တရုတ်က ကိုဗစ်-၁၉ ကာကွယ်ဆေး ၅ သိန်းလှူဒါန်း
DVB
·
June 21, 2021
ဗီယက်နမ်နိုင်ငံကို တရုတ်က ကိုဗစ်-၁၉ ကာကွယ်ဆေး ၅ သိန်းလှူဒါန်း
Donate to DVB

တရုတ်နိုင်ငံက လှူဒါန်းထားတဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၅ သိန်း လက်ခံရရှိခဲ့ပြီဖြစ်တယ်လို့ ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံဟာ တရုတ်ထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို အ ရေးပေါ်အဖြစ် အသုံးပြုနိုင်ဖို့ အခုလအစောပိုင်းက အတည်ပြုခဲ့တာပါ။

ဒီကာကွယ်ဆေးတွေကို ဗီယက်နမ်မှာနေထိုင်တဲ့ တရုတ်နိုင်ငံသားတွေ၊ တရုတ်နိုင်ငံကို ပညာသင်ကြားဖို့ ဒါမှမဟုတ် အလုပ်လုပ်ကိုင်ဖို့ သွားရောက်ကြမယ့် ဗီယက်နမ်နိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်မှာ နေထိုင်ကြသူတွေစတဲ့ အုပ်စု ၃ စုခွဲ ထိုးနှံပေးမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ်လကတည်းက စတင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရေးအစီအစဉ်ဟာ AstraZeneca ကာကွယ်ဆေး ၄ သန်းနီးပါးအပေါ်မှာ များစွာ မှီခိုနေရတာ ဖြစ်ပါတယ်။

အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းအချက်အလက်တွေအရ ဗီယက်နမ်နိုင်ငံမှာ လူဦးရေ ၁၁၅,၃၁၅ ယောက်သာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံခဲ့ပြီးဖြစ်ကာ ၂ ဒသမ ၄ သန်းနီးပါးကတော့ ကာကွယ်ဆေး ၁ ကြိမ်သာ ထိုးနှံနိုင်သေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဗီယက်နမ်နိုင်ငံကို ဂျပန်နိုင်ငံက AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းလှူဒါန်းခဲ့ပါသေးတယ်။

ဗီယက်နမ်နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၁၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၄ ယောက် ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013