DVB Logo
Home
နိုင်ငံရေး
ဒုတပ်ချုပ် စိုးဝင်း ဘာကြောက်ခဲ့သလဲ
DVB
·
June 20, 2021
ဒုတပ်ချုပ် စိုးဝင်း ဘာကြောက်ခဲ့သလဲ
Donate to DVB

၂၀၂၀ ပြည့်နှစ် သြဂုတ်လက ဖြစ်သည်။ ကိုဗစ်ကပ်ဘေးကာလအတွင်းမှာပင် အစိုးရက ငြိမ်းချမ်းရေးညီလာခံတစ်ခု လုပ်ရန် စိုင်းပြင်းချိန်လည်း ဖြစ်သည်။

ထုံးစံအတိုင်း ငြိမ်းချမ်းရေးညီလာခံမတိုင်မီ အကြိုညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်ကြရသည်။ အောက်ခြေမှာ ပြေလည်ပြီးအချက်များကို အဆုံးအဖြတ်ပေးနိုင်သည့် လူကြီးများက  တက်ရောက်အတည်ပြုပေးရသည်။

သြဂုတ်လ တခုသော ညီလာခံအကြိုအစည်းအဝေးတစ်ခုကို အစိုးရဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတက်သည်။ စစ်တပ်ဘက်ကို ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း ဦးဆောင်ပြီး တက်သည်။

အစည်းအဝေးစတော့ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စပြီး စကားပြောသည်။ စစ်ဒုတိယခေါင်းဆောင်နှင့် ဒေါ်အောင်ဆန်းစုကြည်က ဘေးချင်းကပ် ယှဉ်ထိုင်နေကြတာ ဖြစ်သည်။

ထိုနေ့က အခမ်းအနားကို ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခုက တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်ပြီး ကျနော်က ဖုန်းနဲ့ကြည့်နေတာပါ။ ကင်မရာက ဒေါ်အောင်ဆန်းစုကြည်ကို ချိန်ထားတာဖြစ်ပေမယ့် ကင်မရာဘောင်းထဲမှာ  စိုးဝင်း ပါနေသည်။

ဒေါ်အောင်ဆန်းစုကြည် စကားစပြောတာနဲ့ စိုးဝင်း ဘာလုပ်တယ် ထင်လဲ။ သူ့ရှေ့မှာချထားတဲ့ စာရွက်တွေကို လှန်လိုက် ချလိုက်၊ ပြန်လှန်လိုက် ပြန်ချလ်ုက် ဒါပဲထပ်ခါတလဲလဲ လုပ်နေတာ ဒေါ်အောင်ဆန်းစုကြည် စကားဆုံးတဲ့ထိပဲ။

တီဗွီထဲ ပြန်ကြည့်ရင် စိုးဝင်းဟာ ဒေါ်အောင်ဆန်းစုကြည် စကားပြောတာကို  လုံးဝ နားထောင်မနေဘူးလို့ မြင်အောင် သူ တမင်လုပ်ခဲ့တာပါ။ အဘယ်ကြောင့်နည်း။

ဒီမတိုင်မီလေးက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူခရီးထွက်ခဲ့စဉ် အရမ်းတွေ ရယ်ပြ၊ လေးစားပြ အလေးပြုပြခဲ့တဲ့  ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေ ရာထူးက ဖယ်ရှားခံခဲ့ရတယ်လေ။ စစ်အကြမ်းဖက်ခေါင်းဆောင်က ဒီလိုတွေလုပ်ပြထားတော့ စိုးဝင်းဟာ ကြောက်ပြီး အစည်းအဝေးမှာ  မြင်မကောင်းအောင် ဟိုလှန်ဒီလှောတွေ ကယောင်ကတမ်း လုပ်ခဲ့တယ်။

အာဏာဟာ သိပ်ကြောက်စရာကောင်းပါတယ်။ ဒုတပ်ချုပ် ဆိုတဲ့ ရာထူးကပြုတ်မှာစိုးပြီး ဒီအမျိုးသမီး ပြောတာ နားမထောင်ဘူး။ ရယ်ရယ်မောမောလည်း မနေဘူးဆိုတာတွေကို အတင်းလုပ်ပြတော့ မျက်စိမျက်နှာက အပျက်ပျက်။

နစ်နစ်နာနာပြောရလျှင် ထိုနေ့က စိုဝင်းသည် လူ့ဂုဏ်သိက္ခာညှိုးနွမ်းနေပြီး တော်တော်ကို တုန်လှုပ်ချောက်ချားခဲ့တာ တွေ့မြင်လိုက်ရသည်။

၂၀၂၀ သြဂုတ်လကုန်ပိုင်းတရက်က အဖြစ်အပျက်ကို ကျနော် အွန်လိုင်းမှာပြန်ရှာတော့ ဓာတ်ပုံပဲ ရသည်။ အရှာအဖွေတော်သူများ ပြန်ရှာကြည့်ကြည့်ပါ။

စစ်သားရင့်မာကြီး ဂနာမငြိမ်ဖြစ်နေပုံ မြင်တွေ့နိုင်ပါတယ်။ ရာထူးပြုတ်မှာ အကြောက်ကြီး ကြောက်ကြတဲ့ အာဏာရူး စစ်ဗိုလ်ချုပ်များ ဘယ်တော့မှ တပ်တွင်းပုန်ကန်မှု လုပ်မည်မထင်ပါ။ 

စစ်အာဏာရှင် အမြစ်ဖြတ်တော်လှန်ရေးသည်သာ အဓိကဖြစ်ပြီး အရေးတော်ပုံ အောင်ကို အောင်ရမည်။

သစ်နွေဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013