DVB Logo
Home
Lead Story
သမ္မတ ဦးသိန်းစိန် ဒီဇင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ သွားမည်
DVB
·
November 26, 2013
သမ္မတ ဦးသိန်းစိန် ဒီဇင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ သွားမည်
Donate to DVB

သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် ဒီဇင်ဘာ ၄ ရက်ကနေ ၆ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံကို အလည်အပတ် သွားရောက်မှာ ဖြစ်ပါတယ်။

u thein sein copyဖိလစ်ပိုင် သမ္မတ အကွီနိုရဲ့ ဖိတ်ကြားချက်နဲ့ မနီလာမြို့ကို လာရောက်မှာဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဌာနက နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားပါတယ်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံရေး၊ စိုက်ပျိုးရေး၊  ကုန်သွယ်ရေး၊ စွမ်းအင်၊ အပြန်အလှန် ယဉ်ကျေးမှု ဖလှယ်ရေး ကိစ္စတွေကို ဆွေးနွေးသွာဖို့ ရှိပါတယ်။ ဒါ့အပြင် ၂၀၁၄ မှာ မြန်မာအာစီယံ ဥက္ကဌ အဖြစ် တာဝန်ယူတဲ့ ကိစ္စနဲ့ ဒေသတွင်းအရေးတွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

စစ်အစိုးရ လက်ထက်မှာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဖိလစ်ပိုင်နိုင်ငံကို နောက်ဆုံး သွားရောက်ခဲ့ဖူးပါတယ်။ မြန်မာနဲ့  ဖိလစ်ပိုင်နိုင်ငံဟာ ၁၉၅၆မှာ သံတမန်ဆက်ဆံရေး စတင်ခဲ့ပြီး ၂၀၁၆ မှာ နှစ် ၆၀ ပြည့်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013