DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ နမခတပ်စျေးကြီး မီးလောင်ပြာကျ
DVB
·
June 19, 2021
မုံရွာမြို့ နမခတပ်စျေးကြီး မီးလောင်ပြာကျ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး ကံကြီးစျေးမှာ  ဇွန်လ ၁၈ ရက်နေ့ ည ၁၀ နာရီလောက်က မီးလောင်ခဲ့ပါတယ်။

“မီးစတင်လောင်ကျွမ်းနေတဲ့ အချိန်မှာ သေနတ်ပစ်ခတ်သံတွေ ကြားရတယ်။  အဲဒီစျေးက အဓိက စစ်တပ်မိသားစုတွေ စျေးဝယ်တဲ့စျေးကြီးပါ။ အဲဒီမှာရှိတဲ့ စျေးဆိုင်တွေ အကုန်လောင်ကျွမ်းသွားတယ်”လို့  မီးလောင်တဲ့နေရာကိုရောက်သွားတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ည ၁၁ နာရီ ၂၀ လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦး မီးလောင်ပြင်မှာ ပိတ်မိလို့ မီးခိုးငွေ့ရိုက်ပြီး  အောက်စီဂျင် ပြတ်တောက်ကာ လဲကျသွားခဲ့တယ်လို့လည်း  လူမှုကယ်ဆယ်ရေးရုံးကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013