DVB Logo
Home
Lead Story
ဆီးဂိမ်း ကြည့်ဖို့ Set-top box ၂၆၀၀၀ အခမဲ့ ဝေမည်
DVB
·
November 26, 2013
ဆီးဂိမ်း ကြည့်ဖို့ Set-top box ၂၆၀၀၀ အခမဲ့ ဝေမည်
Donate to DVB

ဆင်းရဲပြီး တီဗွီရှိတဲ့ မိသားစုတွေ ဆီးဂိမ်းအပါအ၀င် အစိုးရက ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတွေကို ကြည့်ရှုနိုင်ဖို့ ဒီဂျစ်တယ် Set-top box တွေ အခမဲ့ ဖြန့်ဖြူးပေးသွားမယ်လို့ မြန်မာ့ရုပ်သံဌာနရဲ့ ညွှန်မှူး ဦးမြင့်အောင်က ပြောပါတယ်။

Mental 4 copyနိုဝင်ဘာ ၂၄ ရက် ရန်ကုန် သိမ်ဖြူလမ်း ဗဟို ပုံနှိပ်ဝင်း အဆောက်အဦမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောလိုက်တာ ဖြစ်ပြီး လာမယ့် ဆီးဂိမ်းမတိုင်မီ ရန်ကုန်နဲ့ မန္တလေးက ဆင်းရဲသူ မိသားစု ၂ သောင်း ၆ ထောင်လောက်ကို ဖြန့်ဖြူးပေးသွားမယ်လို့ ဆိုပါတယ်။

အိမ်ထောင်စုတခုလုံးရဲ့ ၀င်ငွေ ၁ လ ကျပ် ၁ သိန်းခွဲအောက်ပဲရှိမယ်၊ တဲ ဒါမှမဟုတ်
သစ်သားအိမ်နဲ့ နေသူတွေ ဖြစ်ပြီး တီဗွီရှိတဲ့အိမ်တွေကို ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။

ဆီးဂိမ်းပြီးသွားရင်တော့ နောက်ပိုင်း မြန်မာ့ရုပ်သံလိုင်းက တိုးချဲ့ ထုတ်လွှင့်နေတဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်းတွေကို ဖမ်းယူ ကြည့်ရှုနိုင်ဖို့ Set-Top Box အလုံးရေ ၃ သိန်း ၃ သောင်း ၅ ထောင်ကို ၁ လုံး ၁၄ ဒဿမ ၇ ဒေါ်လာနှုန်းနဲ့ ဒေါ်လာ ၅ သန်းဖိုး နီးပါး ၀ယ်ယူမှာ ဖြစ်ပြီး အဲဒီ အထဲကမှ ဒေါ်လာ ၄ သန်းခွဲဖိုးလောက် တန်ကြေးရှိတဲ့ Set-Top Box အလုံး ၃ သိန်းကျော်ကို အခမဲ့ ဖြန့်ဝေပေးမယ်လို့ ထုတ်ပြန်ကြေငြာထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013