DVB Logo
Home
Lead Story
နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နှင့် ဆေးလိပ်တွေကို ကုန်တိုက်တွေက ပြန်သိမ်းနေ
DVB
·
November 26, 2013
နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နှင့် ဆေးလိပ်တွေကို ကုန်တိုက်တွေက ပြန်သိမ်းနေ
Donate to DVB

ရန်ကုန်မြို့တွင်း ဖွင့်လှစ်ရောင်းချနေတဲ့ ဂန္ဒမာ ဟိုးဆေး လက်ကား ကုန်တိုက်ကြီး အပါအ၀င် ကုန်တိုက် အတော်များများဟာ သူတို့ဆိုင်မှာ တင်ရောင်းချနေတဲ့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နဲ့ စီးကရက်တွေကို ပြန်လည် သိမ်းဆည်းနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပြကြပါတယ်။

Alcoholပြီးခဲ့တဲ့လက လှိုင်မြို့နယ်ထဲက Quarto Products ကုမ္ပဏီပိုင် ဂိုဒေါင်တွေကို မိုဘိုင်းတင်းမ် အဖွဲ့တွေက ၀င်ရောက် စစ်ဆေးခဲ့ရာမှာ အကောက်ခွန် ဆောင်မထားတဲ့ အရက်၊ ဘီယာနဲ့ ၀ိုင် ပုလင်း သောင်းနဲ့ချီ ဖမ်းဆီးမိကာ အရေးယူခံရပြီးနောက် ခုလို ဖြစ်လာတာ ဖြစ်ပါတယ်။

မိုဘိုင်းတင်းမ်တာဝန်ရှိသူတွေက မှောင်ခိုပစ္စည်း ဖမ်းဆီးရာမှာ လက်ရှိ ဒုတိယ အဆင့်အနေနဲ့ ရေကြောင်းက ၀င်လာတာတွေကို စစ်ဆေးဖမ်းဆီးနေတယ်၊ တတိယအဆင့်ကျရင် လေဆိပ်၊ ကုန်တိုက်တွေနဲ့ ဂိုဒေါင်တွေကို ၀င်ဖမ်းမယ်၊ ဒီကြားထဲ တိုင်ကြားလာတာ ရှိရင်တော့ ၀င်ရောက် ဖမ်းဆီးမယ်လို့ သတင်းထုတ်ပြန် ထားတဲ့အတွက် ကုန်တိုက်တွေက ခုလို ဖယ်ရှားကြတာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ မြန်မာနိုင်ငံမှာ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နဲ့ စီးကရက်တွေကို တရားဝင်တင်သွင်းခွင့် ပိတ်ပင်ထားပြီး ဟိုတယ်နဲ့ နိုင်ငံခြားသားတွေ ဈေးဝယ်တဲ့ ကုန်တိုက် တချို့ကိုသာ သီးသန့် လိုင်စင်နဲ့ ကန့်သတ် တင်သွင်းခွင့်ပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013