DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလှုပ်ရှားသူတွေ ပြစ်ဒဏ်ချမှတ်ခံရ
DVB
·
November 26, 2013
ငြိမ်းချမ်းရေးလှုပ်ရှားသူတွေ  ပြစ်ဒဏ်ချမှတ်ခံရ
Donate to DVB

ပြီးခဲ့တဲ့နှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ စီတန်း လမ်းလျောက် ဆန္ဒပြခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဒေါ်မေစပယ်ဖြူ (ခ) ခေါန်ထွဲနဲ့ မရန်ဂျော်ဂွန်းတို့ကို ရန်ကုန် အနောက်ပိုင်းခရိုင်မှာရှိတဲ့ တရားရုံးတွေက ပြစ်ဒဏ်တွေ စီရင်ချက်ချမှတ်လိုက်ပါ တယ်။

[caption id="attachment_47037" align="alignright" width="300"]ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဒေါ်မေစပယ်ဖြူ (ခ) ခေါန်ထွဲနဲ့ မရန်ဂျော်ဂွန်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဒေါ်မေစပယ်ဖြူ (ခ) ခေါန်ထွဲနဲ့ မရန်ဂျော်ဂွန်း[/caption]ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုနဲ့ စမ်းချောင်းမြို့နယ်နဲ့ ဒဂုံမြို့နယ်တို့က စွဲဆိုထားချက်တွေ အတွက် ထောင်ဒဏ် ၁ လ ဒါမှမဟုတ်ရင် ဒဏ်ငွေ ၁ သောင်း ပြစ်ဒဏ်ကို ရွေးချယ် ကျခံခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ ဒေါ်မေစပယ်ဖြူက ပြောပါတယ်။

ဒေါ်မစပယ်ဖြူ (ခ) ခေါန်ထွဲနဲ့ မရန်ဂျော်ဂွန်းတို့ဟာ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့
က ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရည်ရွယ် လမ်းလျှောက် ဆန္ဒပြရာမှာ ပူးပေါင်း ပါဝင်ကြတဲ့ အတွက် ရန်ကုန်တိုင်း ၆ မြို့နယ်က တရားစွဲဆိုခဲ့တာ ဖြစ်ပြီး စမ်းချောင်းမြို့နယ်နဲ့ ဒဂုံ မြို့နယ်တို့က စွဲဆိုထားတဲ့အပေါ် အရင်ဆုံး ပြစ်ဒဏ် စီရင်ခဲ့တာ ဖြစ်ပါတယ်။

တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံရသူတွေကတော့ ရှေ့နေတွေရဲ့ အကြံပြုချက်အရ ဒဏ်ငွေကို ရွေးချယ်လိုက်ပေမယ့် ဒဏ်ငွေဆောင်တာဟာ အပြစ်ရှိတယ်လို့ ၀န်ခံတာ မဟုတ်ဘူးလို့ ဒေါ်မေစပယ်ဖြူက ပြောပါတယ်။

“တကယ်တော့ ပုဒ်မ ၁၈ က လုံးဝကို မရှိသင့်တဲ့ မဖြစ်သင့်တဲ့ ပုဒ်မပါ၊ ရှိကို မရှိသင့်ပါဘူး ကျမအမြင်ကတော့နော်။ အဲဒီတော့ တရားသူကြီးက ကျမတို့ကို ငြိမ်းချမ်းရေးလုပ်တယ်ဆိုပြီး သက်ညှာစွာ စဉ်းစားပေးလိုက်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျမက မကြိုက်ပါဘူး၊ ဘာလိုလဲဆိုတော့ ဥပဒေ ကိုယ်တိုင်က လိုအပ်ချက် ရှိနေလို့ပါ၊ သူတိုရဲ့ သက်ညှာခြင်း မသက်ညှာခြင်းနဲ့ မဆိုင်ပါဘူး၊ ဒီဥပဒေက လိုအပ်ချက်ရှိနေတာ အခြေခံ ဥပဒေနဲ့ မကိုက်ညီတာ။ အဲဒီတော့ အပွင့်လင်းဆုံးပြောရရင် အပြစ်မရှိတဲ့သူတွေကို တရားစီရင်တဲ့ ပြစ်ဒဏ်ချတဲ့ ဥပဒေမျိုး ဖြစ်နေတဲ့အတွက်ကြောင့် ကျမတို့ကို ငွေဒဏ်ဘဲ ချမှတ်လိုက်တယ်၊ ကျမတို့ကို လျော့ပေါ့စွာ ချမှတ်တာပဲဆိုပေမယ့် ဒီဆုံးဖြတ်ချက်ကို အမှန်အတိုင်း ပြောရရင် လုံးဝ မကျေနပ်ဘူး။”

ပြစ်ဒဏ်အတွက် စမ်းချောင်းမြို့နယ်နဲ့ ဒဂုံမြို့နယ်တရားရုံးတွေက သီးခြားစီ ပြစ်ဒဏ် ချမှတ်လိုက်တဲ့အတွက် တရားရုံးတခုကို ဒဏ်ငွေ ၁ သောင်း စုစုပေါင်း တဦးလျှင် ဒဏ်ငွေ ၂ သောင်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလှုပ်ရှားသူတွေဟာ ကျန်နေတဲ့ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်နဲ့ တာမွေမြို့နယ် ၄ မြို့နယ်က စွဲဆိုချက်အတွက် လည်း တရားစီရင်ချက် ချမှတ်တာကိုလည်း ဆက်လက် ရင်ဆိုင်ရအုံးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လက်ပံတောင်းတောင်မှာ သံဃာတော်တွေကို အကြမ်းဖက် နှိမ်နှင်းခဲ့တဲ့အပေါ် ကန့်ကွက်ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူ ၆ ဦးကို စမ်းချောင်း၊ အလုံနဲ့ ကြည့်မြင်တိုင်တရားရုံး က ထောင်ဒဏ် ၁ လ အသီးသီး ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013