DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် ကရင်ပြည်နယ်၌ လူပေါင်း ၄၇,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရ
DVB
·
June 16, 2021
တိုက်ပွဲများကြောင့် ကရင်ပြည်နယ်၌ လူပေါင်း ၄၇,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရ
Donate to DVB

စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်မှာ  လူပေါင်း ၄၇,၀၀၀ ကျော်ဟာ နေရပ်စွန့် ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး(UNHCR)က ထုတ်ပြန်ပါတယ်။

ဒုက္ခသည် အများစုဟာ အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အမိုးအကာ ပစ္စည်းတွေ ရရှိနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေမျိုးမှာ နေထိုင်နေကြရပြီး  ကူညီမှုတွေရောက် ရှိနိုင်ဖို့ အခက်အခဲတွေ ရှိနေပေမဲ့ UNHCR အနေနဲ့ နေရပ်စွန့်ခွာမိသားစုတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးအပ်နေတယ်လို့ ဆို ပါတယ်။

နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေပါတယ်။

   ကရင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေ အရှိန်အဟုန်နဲ့ ဆက်လက်ဖြစ်ပွားနေပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးကာလဟာ ၄ လခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးပြည်သူပေါင်း ၈၆၀ ကျော် ရှိလာပြီး  မတရားဖမ်းဆီးထောင်ချခံရသူတွေ၊ ဖမ်းဝရမ်းထုတ်ခံရသူတွေ၊ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရသူတွေ လည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013