DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပါ ၃ ဦးကို စွဲထားသည့် ပုဒ်မ ၅၀၅(ခ) အမှုတရားလိုကို စတင်စစ်ဆေး
DVB
·
June 15, 2021
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပါ ၃ ဦးကို စွဲထားသည့် ပုဒ်မ ၅၀၅(ခ) အမှုတရားလိုကို စတင်စစ်ဆေး
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးတွဲ စွဲဆိုခံထားရတဲ့ ပုဒ်မ ၅၀၅(ခ) အမှု အတွက် တရားလိုဖြစ်တဲ့ ဒက္ခိဏခရိုင်ဒုအုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေကို ဇွန်လ ၁၅ ရက် ဒီနေ့မနက် က နေပြည်တော် အထူးတရားရုံးမှာ စတင်စစ်ဆေးပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးတည်းအပေါ် စွဲထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အတွက်လည်း တရားလို ဦးထွန်းမြင့်အောင် (ခ) ညီညီကို တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ရုံးချိန်မှာ တရားလိုကိုပဲ အဓိကစစ်မေးမြန်းခဲ့တာဖြစ်ပြီး နောက်ရုံးချိန်းကျမှ အပြန်အလှန်စစ်မေးတာတွေဆောင်ရွက်နိုင်မယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

"အဓိကစစ်မေးခြင်းပဲပြီးပါတယ်။ အပြန်အလှန်စစ်မေးခြင်းကို နောက်ရုံးချိန်းမှ ဆောင်ရွက်မယ်။ ရုံးချိန်းက တစ်ပတ်ကို နှစ်ရက်နှုန်းနဲ့ ရှေ့ဆက်သွားမယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က စိတ်ပါဝင်စားစွာနဲ့နားထောင်တယ် ရှေ့နေတွေနဲ့ဆွေးနွေးပါတယ်။ ဒီနေ့ သုံးယောက်နဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ဆွေးနွေးခွင့်ရပါတယ်။ သူတို့က ဘာမှလုပ်ထားတာမရှိသေးတဲ့အတွက် ထွေထွေထူးထူးပြောစရာမရှိသေးပါဘူး"။

ဒီမနက်ရုံးချိန်းမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်၊  ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးနဲ့ ရှေ့နေတွေ နာရီဝက်ကြာသီးခြားတွေ့ဆုံခွင့်ရခဲ့ပါတယ်။

ရုံးချိန်းမှာ တရားလိုကို စစ်မေးတဲ့အပိုင်းပဲရှိသေးတဲ့အတွက် အခြေအနေကို ခန့်မှန်းလို့မရသေးဘူးလို့ ရှေ့နေတွေကပြောပါတယ်။ ခေါင်းဆောင်သုံးဦးကတော့ ကျူးလွန်ထားတာ တစုံတရာမရှိတဲ့အတွက် သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတာကိုတွေ့ရတယ်လို့ ဒေါ် မင်းမင်းစိုးကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်လှုံ့ဆော်မှု ဥပဒေပုဒ်မ ၅၀၅(ခ)၊ နိုင်ငံတော်အကြည်ညိုပျက်အောင်လှုံ့ဆော်မှု ဥပဒေ ၁၂၄ (က)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅နဲ့အမှုနှစ်ခု၊ နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃(၁)(ဂ) တို့နဲ့ တရားစွဲဆိုထားပြီး ဇွန်လ၉ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ လည်း အမှုထပ်ဖွင့်ထားတာဖြစ်ပါတယ်။ 

ဇွန်လ ၁၄ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စွဲထားတဲ့ အမှုလေးမှု အတွက် တရားလိုတွေကို စတင်စစ်ဆေးခဲ့ပါတယ်။ နောက်ထပ်ရုံးချိန်းတွေကတော့ မှုခင်းစီမံခန့်ခွဲရေး အစည်းအဝေးသဘောတူညီချက်အတိုင်း အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တွေမှာ ဆက်စစ်ဖို့  တရားရုံးက ဆုံးဖြတ်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013