DVB Logo
Home
မြန်မာသတင်း
လက်ကျန် နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ထပ်မံလွှတ်ပေးရေး စိစစ်နေ
DVB
·
November 25, 2013
လက်ကျန် နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ထပ်မံလွှတ်ပေးရေး စိစစ်နေ
Donate to DVB

မြန်မာ နိုင်ငံတ၀န်း အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရဆဲဖြစ်တဲ့  နိုင်ငံရေး အကျဉ်းသား ၈၀ ကျော် ရဲ့စာရင်းကို    လက်ကျန် နိုင်ငံရေး အကျဉ်းသား စီစစ်ရေး ကော်မတီက စိစစ်ပြီး  ပြန်လွှတ်ပေးနိုင်ဖို့ သမ္မတရုံးဆီပေးပို့ သွားဖို့ ရှိနေပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံရေး အကျဉ်းသား စီစစ်ရေး ကော်မတီ အစည်း အဝေးမှာ အဖွဲ့ဝင်တွေ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း စတဲ့အဖွဲ့တွေ ပေးပို့ထားတဲ့  နိုင်ငံရေး အကျဉ်းသား ပေါင်း ၈၂ ဦးရှိ တယ်လို့  ကော်မတီ အဖွဲ့ဝင် ဦးရဲအောင်က ပြောပါတယ်။

presionပေးပို့ခဲ့တဲ့ စာရင်းတွေထဲမှာ အီလက်ထရောနစ် ပုဒ်မ၊ မတရား အသင်းဆက်သွယ်မှု ပုဒ်မ၊ ငြိမ်းချမ်းစွာ စီတန်းလမ်းလျောက်ခြင်း ပုဒ်မ ၁၈တွေနဲ့ စွဲဆို ထောင်ဒဏ်ချမှတ် ခံထားရတဲ့သူတွေ ပါဝင်တယ်လို့သူက အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ အပတ် အစည်းအဝေးမှာက ဒီဟာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မဆွေးနွေးဖြစ်ဘူး။ ကျနော်တို့ ဘယ်လိုတွေ လုပ်ကြ ကိုင်ကြမလဲ ဆိုတဲ့ဟာကို ဆွေးနွေးပြီးတော့မှ ဒီကြားထဲမှာ ဒီစာရင်းနဲ့ ပတ်သက်ပြီးတော့ ကော်မတီကနေပြီး အလုပ်ကော်မတီ သဘောလေးရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး အဓိက လုပ်နေတဲ့ အဖွဲ့တွေ ဥပမာ - အေအေပီပီတို့ အက်ဖ်ပီပီအက်စ် တို့နဲ့ ကော်မတီအတွင်းရေးမှူးနဲ့ ကျနော်တို့က သီးခြား လူစာရင်းလေးတွေကို ညှိနှိုင်းကြပါတယ်ခင်ဗျ။ ”

ဦးရဲအောင် ပြောသွားတာဖြစ်ပါတယ်။

ကော်မတီအနေနဲ့ ၂၀၁၃ ဒီဇင်ဘာလ မကုန်ခင် လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေး နိုင်အောင် ကြိုးစားနေတဲ့ အကြောင်းနဲ့ ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရသူ ၂၀၀ ကျော် ကိစ္စလည်း စဉ်းစားဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။

နောက်ဆုံးရရှိထားတဲ့ အကျဉ်းသား  စာရင်းကို စိစစ်ရေး ကော်မတီက ဆွေးနွေး စိစစ်ပြီး  စာရင်းမှာ ပါဝင်သူတွေ အမြန်ဆုံးပြန်လွတ်လာရေး အတွက်  သမ္မတရုံးထံ ဆက်လက်  ပေးပို့သွားမယ်လို့လည်း ကော်မတီကပြောပါတယ်။

သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ ဇူလိုင်လ ဗြိတိန် ခရီးစဉ်မှာ  ဒီနှစ်ကုန်ရင် နိုင်ငံရေး အကျဉ်း သားတွေ မရှိစေရဘူးဆိုပြီး ပြောဆိုခဲ့သလို  ကုလသမဂ္ဂကလည်း နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဖိအားပေး ပြောဆိုခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သား တပိုင်း အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၁၃၀၀ လောက် ကို  ၁၃ ကြိမ်ခွဲပြီး  ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း  အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးတွေအပါအ၀င် နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကိုနောက်ဆုံး  ပြန်လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013